ယူကရိန်းမှာ လေကြောင်းထောက် လှမ်းရေးအားနည်းနေတယ်။ ဒါကြောင့် အားဖြည့်ပေးဖို့အတွက် အီး၇အေ ဝက် ဂျ်တေးလ်အမျိုးအစားလေယာဉ်တစ်စင်း ဂျာမနီကို ပို့ပေးမယ်လို့ ဘာလင်မြို့ တော် မှာ ဇူလိုင် ၁၀ရက်က ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ဩစတြေးလျ ဝန် ကြီးချုပ် အန်သိုနီအယ်လ်ဘာနီးစ်
ထုတ်ဖော်ပြောကြားတယ်။
တကယ်ဆိုရင် ဩစတြေးလျဆိုတာ ဥရောပနဲ့အဝေးကြီးပါ။ ဒါပေမယ့် ဥရောပမှာဖြစ်နေတဲ့စစ်ဟာ တစ်ကမ္ဘာလုံးအပေါ်အကျိုးသက်ရောက်နေကြောင်း ယနေ့ခေတ်ရဲ့ အပြန်အလှန်ဆက်သွယ်နေတဲ့ ကမ္ဘာကြီးကို သိလာစေခဲ့တယ်။ ကျွန်တော်တို့ရဲ့ စီးပွါးရေးကို ထိခိုက်စေခဲ့တဲ့ အဲဒီကျူးကျော်မှုကြောင့် တုန်လှုပ်ခဲ့ရတယ်လို့ သူကထည့်သွင်း ပြောကြားတယ်။
လစ်သူယေးနီးယားနိုင်ငံမှာ လက်ခံ ကျင်းပမယ့် နေတိုးစစ်အုပ်စုထိပ်သီးညီ လာခံတက်ဖို့လာရင်း အန်သိုနီအယ် လ်ဘာနီးစ် ဂျာမနီဖက်ကို ပတ်ဝင် လာခဲ့တာဖြစ်တယ်။
ဩစတြေးလျကပို့ပေးမယ်ဆိုတဲ့ အဲဒီဝက် ဂျ်တေးလ်လေယာဉ်ဟာ ယူကရိန်း အ တွက်ရည်ရွယ်ပေမယ့် ယူကရိန်းမှာ ထားဖို့မဟုတ်ဘူး။ ယူကရိန်းလေကြောင်း ပိုင်နက်ထဲကနေ ပျံသန်းဖို့လည်း မလို ဘူး။ ဂျာမနီကနေ ရုရှားနယ်စပ်အထိ ထောက်လှမ်းပေးနိုင်မယ်လို့ဆိုတယ်။
Ref: Aljazeera