ယူကရိန်းတပ်ဖွဲ့တွေ အရှေ့ဖက် တောင်ဖက်အသီးသီးကို စစ်မျက်နှာတွေဖွင့်ပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် အောင်မြင်တယ်လို့ သတင်းထုတ်လွှင့်ခဲ့ပေမယ့် တကယ်ဆိုရင် ကျရှုံးနေတယ်လို့ ရုရှားသမတဗလာဒီမာပူတင်က ပြောပါတယ်။
ယူကရိန်းသံချပ်ကာကား အစင်း၁၆၀ကျော်ကို ရုရှားဖက်က ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။မော်စကိုမြို့တော်မှာ ဇွန် ၁၃ရက်က ကျင်းပတဲ့ ရုရှားစစ်သတင်းထောက်တွေနဲ့တွေဆုံပွဲမှာ သမ္မတပူတင် အဲဒီလိုပြောလိုက်တာဖြစ်ပါတယ်။
ယူကရိန်းသမ္မတဗိုလိုဒီမြာဇေလင်စကီးကတော့ ရုရှားသမ္မတ ပြောတာမဟုတ်မှန်ဘူးလို့ငြင်းဆိုခဲ့ပါတယ်။ မိမိတို့တပ်ဖွဲ့တွေရဲ့ ထိုးစစ်အောင်မြင်တဲ့အတွက်ကြောင့် ရှေ့ကို ပိုရောက်ရှိနေပြီလို့ ယူကရိန်းစစ်ဦးစီးချုပ်ဗေလရီဇာလူဇနီက ဇွန်၁၄ရက်မှာ တယ်လီဂရမ်ကတစ်ဆင့် သတင်းထုတ်လွှင့်ပြန်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၄နာရီအတွင်း ရုရှားဖက်ကတပ်ဖွဲ့ဝင် ၆၈၀ဦးကျဆုံးပြီး သံချပ်ကာကား ၈စင်း ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
အရှေ့ဖက်က ဒေါ့ညက် အရှေ့တောင်ဖက်က ဇာပိုရီဇဇီယာ ဒေသတစ်ဝန်းမှာ တန်ပြန်ထိုးစစ်အောင်မြင်နေတယ်လို့ ယူကရိန်းဖက်က သတင်းလွှင့်နေတယ်။
ရုရှားအပြီးသတ်သိမ်းတော့မယ်ဆိုတဲ့ ဘတ်ခ်မွတ်မြို့ကိုတောင် ယူကရိန်းက ပြန်သိမ်းတော့မလိုလို သမ္မတဇလင်စကီးက ပြောထားပြန်သေးတယ်။
ဒီတစ်ကြိမ်မှာတော့ နေတိုးစစ်အုပ်စုအတွင်းရေးမှူးချုပ်ဂျင်းစ်စတိုလ်တင်ဘာ့ဂ်က ရုရှားရှုံးပြီး ယူကရိန်းတန်ပြန်ထိုးစစ်ဖက်က နိုင်နေတာလို့ ဝင်ပြောလာပါတယ်။
Ref: BBC