ယူကရိန်းဖက်က တန်ပြန်ထိုးစစ် အရှိန် မြှင့် အရှေ့တောင်ပိုင်း ဒေါ့ညက်နယ်ထဲက ရွာသုံးရွာပြန်သိမ်းနိုင်

ယူကရိန်းဖက်က တန်ပြန်ထိုးစစ် စတင် နေပြီလို့ သမ္မတဗိုလိုဒီမြာဇေလင်စကီး ဇွန် ၁၀ရက်မှာ ပြောကြားပြီးတဲ့နောက် အရှိန် မြှင့်ထိုးစစ်ဆင်လိုက်တာ ဇွန် ၁၂ ရောက် တော့ နိုင်ငံအရှေ့တောင်ပိုင်း ဒေါ့ညက်နယ်ထဲက ရွာသုံးရွာကိုပြန်သိမ်းယူနိုင်ခဲ့တဲ့အကြောင်း ယူကရိန်းဒုတိယကာကွယ်ရေးဝန် ကြီး ဟန်နာမာလီယာက တယ်လီဂရမ်က တစ်ဆင့်အတည်ပြုလိုက်ပါတယ်။

တောင်ပိုင်းဒေသကို ထိုးစစ်ဆင်တိုက်ခိုက် တဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို မိမိတို့ဖက်က တိုက်ထုတ်လိုက်ရတဲ့အကြောင်း ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် တယ်။ရွာသုံးရွာ ကျသွားတဲ့အကြောင်းတော့ ရုရှားကမဖော်ပြဘဲချန်လှပ်ခဲ့တယ်။

အရှေ့ပိုင်းက ဘတ်ခ်မွတ်မြို့ကို ရုရှားတပ် ဖွဲ့ဝင်တွေက ကြေးစားစစ်သည်တွေရဲ့ အကူ အညီနဲ့ သိမ်းပိုက်ပြီး အောင်လံလွှင့်ထူ တော့မယ်လို့ ရုရှားသမ္မတဗလာဒီမာပူ တင် ကိုယ်တိုင် မကြာသေးမီက ပြောကြား ခဲ့ပေမယ့် အခုတော့ ယူကရိန်းတပ်ဖွဲ့တွေကို အင်အားစုစည်းပြီး ပြန်တိုက်ဖို့ စိုင်းပြင်းနေ ပြီလို့သတင်းလွှင့်နေပြန်လေပြီ။

ယူကရိန်းတန်ပြန်ထိုးစစ်ဆိုတာ ရုရှားတွေ စိတ်အခြေအနေပျက်ပြားအောင် ဝါဒဖြန့် မှုသက်သက်ပဲလို့ တချို့က ထင်မြင်ယူဆ တယ်။ အမေရိကန်အခြေစိုက် စစ်ရေးလေ့ လာရေးအဖွဲ့ကတော့ ယူကရိန်းတန်ပြန် ထိုး စစ်က အမှန်တကယ် တိုက်နေတဲ့စစ်ဖြစ် တယ်။ အနည်းဆုံးစစ်မျက်နှာ ၄ခုဖွင့်ပြီး တိုက်နေတာလို့အတည်ပြုထားပါတယ်။

ဇွန်၈ရက်က ဇာပိုရီဇီယာပြည်နယ် အရှေ့ တောင်ပိုင်းမှာ ယူကရိန်းနဲ့ရုရှားတပ်ဖွဲ့တွေ အကြားတိုက်ပွဲပြင်းထန်ခဲ့တယ်။အမေရိကန် လုပ် ဘရတ်ဒလေ စစ်ကားတွေ ရုရှားဖက် က လက်နက်ကြီးထိပြီး ပျက်စီးခဲ့တယ်လို့ သိရတယ်။

Ref: Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *