ယူကရိန်းထိပ်တန်းတပ်မှူးကို သမ္မတကိုယ်တိုင်က ထုတ်ပယ် လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေ

ကိဖ့် ၊ ဖေဖေါ်ဝါရီ ၁

ယူကရိန်းနိုင်ငံရဲ့ နာမည်ကြီးစစ်တပ်အကြီးအကဲတစ်ယောက်ကို  ယူကရိန်းသမ္မတဇလန်စကီးက ရုံးခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ၂၉ရက်တနင်္လာနေ့က အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ အဲ့ဒိအစည်းအဝေး’အပြီး မှာတော့ ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာ  ထိပ်တန်း အကြီးအကဲ တစ်ယောက်ကို သမ္မတ ဇလန်းစကီး ကိုယ်တိုင် သူ့တာဝန်ကနေ ရပ်နားခိုင်ပြီး အလုပ်ထုတ်ပစ်လိုက်တယ်ဆိုတဲ့ သတင်းတွေ  ထွက်နေပါတယ်။

အဲ့ဒိသတင်းရင်းမြစ်ကိုတော့ စစ်တပ်အသိုင်းအဝိုင်းရဲ့ ရင်းမြစ်တစ်ခု စီကနေ CNN ကို ပြောဆိုခဲ့တာလို့ သိရပါတယ်။

အထုတ်ခံရတယ်ဆိုတဲ့  နာမည်ကျော် စစ်တပ်အကြီးအကဲ ဗာလယ်ရီ ဇာလတ်ရှ်နီ ဖြစ်ပြီး သူ့ကို ဇန်နဝါရီ ၂၉ တနင်္လာနေ့က  သမ္မတရုံးမှာတွေ့ဖို့  ဆင့်ခေါ်ခံရပြီး  ရာထူးကနေ ထုတ်ပယ် လိုက်တာလို့လည်း သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

ဇာလတ်ရှ်နီ ဟာ ဇန်နဝါရီ ၂၉ရက်နေ့  ဗုဒ္ဓဟူးနေ့ညနေပိုင်းအထိ တာဝန်ထမ်းဆောင်ဆဲဖြစ်ပြီးထုတ်ပယ်မိန့်က တရားဝင်ကြေငြာတာ မရှိသေးဘူးလို့လည်း ပြောကြပါတယ်။  အခုသီတင်းပတ်ကုန်မှာတော့ သမ္မတအမိန့်စာ ထွက်လာလိမ့်မယ် ဆိုတဲ့ သတင်းတွေလည်း CNN က ရထားတယ်လို့ သိရပါတယ်။

ပေါက်ကြားလာတဲ့  ကောလဟာလသတင်းတွေအရအစည်းအဝေးမှာသမ္မတ နဲ့ တပ်မှုးတို့ဟာ ကိယက်ဗ်မြို့တစ်ဝိုက် ပေါက်ကွဲခဲ့တာရယ် မနှစ်က ယူကရိန်းတန်ပြန်ထိုးစစ်မအောင်မြင်ခဲ့ တာတွေရဲ့နောက် အကွဲအပြဲစခဲ့တာလို့  သိရပါတယ်။

Ref: CNN

Feature Image Credit: Ukrinform/Cover Images/AP

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *