ဆိုးလ်၊ ဇန်နဝါရီ ၁၃
ရုရှားနဲ့ ယူကရိန်းစစ်ပွဲထဲမှာ ရုရှားဘက်ကကူတိုက်ပေးနေတဲ့ မြောက်ကိုရီးယားစစ်သား ၃၀၀ လောက်က သေပြီး ၂၇၀၀ လောက်က ဒဏ်ရာရခဲ့တယ်လို့ တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ယောက်က တနင်္လာနေ့ (ဇန်နဝါရီ ၁၃ ရက်) မှာ ဆိုးလ်ရဲ့ သူလျှိုအေဂျင်စီက အချက်အလက်တွေကို ကိုးကားပြီး ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အွန် ဟာ ယူကရိန်းကို တိုက်ခိုက်ရာမှာ အကူအညီပေးဖို့ စစ်သား ၁၀,၀၀၀ ကျော်ကို ရုရှားစစ်မြေပြင်ကို စေလွှတ်ခဲ့ပြီး ပြုံယမ်းရဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ လက်နက်နဲ့ ဂြိုဟ်တုပရိုဂရမ်တွေအတွက် ရုရှားနည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ရဖို့ မျှော်လင့်ခဲ့ပါတယ်။
ဇန်နဝါရီ ပထမ သီတင်းပတ်ကုန်က ယူကရိန်းသမ္မတ ဇလန်းစကီးက ယူကရိန်းက မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး ဒဏ်ရာရစစ်သည်တွေကို စစ်ဆေးနေတဲ့ ဗီဒီယိုကို ထုတ်ပြခဲ့ပါတယ်။ ဒါဟာ ဖမ်းဆီးခံထားရတဲ့ ယူကရိန်းတပ်သားတွေအတွက် အကျဉ်းသားလဲလှယ်ဖို့ ဖြစ်နိုင်ခြေကို ဖော်ပြတာလို့ မှတ်ချက်ပေးနေကြပါတယ်။
Ref: AFP
ပုံစာ။ ကင်ဂျုံ အွန်နဲ့ မြောက်ကိုရီးယား တပ်ဖွဲ့တွေကို တွေ့ရပုံ
Feature Image Credit: AP/Korean Central News Agency/Korea News Service



