မော်စကို၊ ဇူလိုင် ၉
လူပေါင်း သုံးဒါဇင်ကျော် သေဆုံးခဲ့ရတဲ့ ရ ယူကရိန်းတစ်ဝှမ်းက မြို့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲဲH ရုရှားရဲ့ လုပ်ရပ်အပေါ် ကမ္ဘာ့နိုင်ငံ အတော်များများက ဒေါသထွက်နေချိန် ပူပူနွေးနွေးမှာပဲ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက မော်စကိုမြို့ကို ရောက်လာပြီး ဇူလိုင် ၉ရက်နေ့မှာ သမ္မတပူတင်နဲ့ တွေ့ ဆုံဖို့ ရှိနေပါတယ်။
မိုဒီဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက စကျူးကျော်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မော်စကိုကို ရောက်လာတာ ဖြစ်ပါတယ်။ ဒီခရီးစဉ်က နယူးဒေလီနဲ့ မော်စကိုကြား ကာလကြာရှည်ဆက်ဆံရေးကို ပြုစုပျိုးထောင်ဖို့ ကြိုးပမ်းကြတဲ့ အစီစဉ်လည်း ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
တချိန်တည်းမှာပဲ မိုဒီဟာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံရဲ့ခေါင်းဆောင်အဖြစ် ပြီးခဲ့တဲ့လက အာဏာပြန်ရလာပြီးတဲ့နောက် အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေကို ပိုနီးနီးကပ်ကပ် ဆွဲဆောင်နေတယ်လို့ အကဲခတ်သူတွေက ပြောပါတယ်။
“ပြင်ဆင်မှုမှာ အံ့ဩစရာမရှိပါဘူး။ အဓိကအချက်က အဓိပ္ပာယ်ပြည့်ဝတဲ့ အပြန်အလှန်ဆက်ဆံရေးကို ဖန်တီးဖို့ပါပဲ” လို့ ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒင်မင်ထရိ ပက်စ်ကော့ဖ်က ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အစိုးရရုပ်သံကို ပြောဆိုခဲ့ပါတယ်။
လူပေါင်း သုံးဒါဇင်ကျော် သေဆုံးပြီး ယူကရိန်းမြို့တော် ကိ့ဗ်က ကလေးဆေးရုံတစ်ရုံကို အကြီးအကျယ် ပျက်စီးစေခဲ့တဲ့ တိုက်ခိုက်မှုအပြီး နာရီအနည်းငယ်အကြာမှာပဲ မော်စကို ရောက်လာခဲ့တဲ့ မိုဒီကို ဥရောပနဲ့ မြောက်အမေရိက အစိုးရတွေက ပြစ်တင်ရှုတ်ချနေတကြတယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာ။ တိုက်ခိုက်ခံခဲ့ရတဲ့ ယူကရိန်းက ကလေးဆေးရုံကို တွေ့ရပုံ
Feature Image Credit: REUTERS/Oleksandr Ratushniak



