ယူကရိန်းတပ်တွေက  ရုရှားပိုင်နက်ထဲကိုဝင်ပြီး တိုက်ခိုက်နေပြီလို့ သမ္မတ ဇလန်းစကီးက အတည်ပြုပြောဆို

ကိ့ယက်ဖ်၊ ဩဂုတ် ၁၂

ရုရှားနိုင်ငံထဲအထိ ကိယက်ဗ်ရဲ့တပ်တွေက ဝင်တိုက်နေတယ်ဆိုတာကို ယူကရိန်းသမ္မတ ကိုယ်တိုင်ကအတည်ပြုပြောဆိုလိုက်ပါတယ်။

“ယူကရိန်းဟာ တရားမျှတမှုကို ဘယ်လိုပြန်လည်ထိန်းသိမ်းရမယ်ဆိုတာကို အမှန်တကယ်သိကြောင်း သက်သေပြနေပြီး လိုအပ်တဲ့ ဖိအားတွေနဲ့ ရန်လိုသူကို ဖိအားပေးတိုက်ခိုက်နေပါတယ်” လို့ ဩဂုတ်၁၁ရက် စနေနေ့က သမ္မတရဲ့ ညစဉ်မိန့်ခွန်းမှာ ပြောဆိုခဲ့ပြီး ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမိန်ခွန်း ပါ စကားတွေက ရုရှားနဲ့   မဟာမိတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။  ရုရှားနိုင်ငံထဲက ယူကရိန်းစစ်သားတွေရဲ့ ကိုယ်တွေ့သတင်းတွေ ဗီဒီယိုတွေလည်း ထွက်ပေါ်နေတယ်လို့ သိရပါတယ်။

ယူကရိန်းနိုင်ငံက ဘယ်ဂရော့ဒ် နယ်စပ်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပစ်မှတ်ထား တိုက် ခိုက်ခဲ့တာ ဖြစ်ပြီး  ဒီစစ်ဆင်ရေးဟာ ပုံမှန်ယူကရိန်းရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေအနေနဲ့ ရုရှားပိုင်နက် ထဲကို ပထမဆုံးအကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

မော်စကိုဘက်က တိုက်ခိုက်မှုကို ထိန်းချုပ်ဖို့  ရုန်းကန်နေရတယ်လို့လည်း သိရပါတယ်။

ယူကရိန်းတောင်ပိုင်းက ရုရှားထိန်းချုပ်ထားတဲ့ Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံကို ရုရှားတပ်ဖွဲ့တွေက စတင်ပစ်ခတ်ခဲ့တယ်လို့ ဇလန်စကီးက ဩဂုတ် ၁၁ရက်တနင်္ဂနွေနေ့မှာ ပြောပါတယ်။ စက်ရုံပိုင်နက်ထဲက တာဝါတိုင်တစ်ခုကနေ မီးခိုးလုံးကြီးတွေ တက်လာတာကိုပြသတဲ့ ဗီဒီယိုတစ်ခုမှာ ဇလန်းစကီးက  ဓာတ်ရောင်ခြည်ပြညွှန်းကိန်းတွေက ပုံမှန်ဖြစ်ပေမယ့်လည်း ရုရှားဟာ ယူကရိန်းသာမက ဥရောပနဲ့ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်လို့ ပြောဆို လိုက်တဲ့ အကြောင်းလည်း သိရပါတယ်။

Ref: CNN

ပုံစာ။ ရုရှား – ယူကရိန်း စစ်မြေပြင်တစ်နေရာကို တွေ့ရပုံ

Feature Image Credit: CSIS

Visited 30 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *