ယူကရိန်းစစ်ပွဲမှာ  နှစ်ဖက်စစ်ဘက်အားလုံး  ၂သိန်း နီးပါး အသေအပျောက် ဒါမှမဟုတ် ဒဏ်ရာရတယ်လို့ အမေရိကန်က ခန့်မှန်း

 တိုက်ပွဲမှာ ကျဆုံးသွားတဲ့  ယူကရိန်း တပ်ဖွဲ့ဝင်တွေရဲ့ ဈာပန အခမ်းအနားမြင်ကွင်း တစ်ခု
Photo Credit: Reuters

ကိဖ့်၊ နိုဝင်ဘာ ၁၀

ယူကရိန်းစစ်ပွဲကာလမှာ ရုရှားစစ်သား နဲ့ယူကရိန်းစစ်သား တစ်ဖက် ၁သိန်းစီ နီးပါးလောက် သေဆုံး ဒါမှမဟုတ်  ဒဏ်ရာရရခဲ့တယ်လို့ အမေရိကန် အကြီးတန်း စစ်ဗိုလ်ချုပ်ကြီးတွေ့က ခန့်မှန်းတွက်ချက်တဲ့ သတင်းထွက် ပေါ် လာပါတယ်။

အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာခ် မေလီ ကလည်း ပဋိပက္ခတွေထဲမှာ အရပ်သား ၄၀,၀၀၀ လောက်လည်း သေဆုံးခဲ့ရတဲ့အကြောင်း ပြောပါတယ်။

အဲဒီ ခန့်မှန်းချက်ဟာ အနောက်တိုင်း စစ်ဘက်အရာရှိတစ်ဦးရဲ့ ခန့်မှန်းချက်တွေထဲကမှ အများဆုံးအရေအတွက် လို့လည်း သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ကိဖ့် အနေနဲ့ မော်စကိုနဲ့  ဆွေးနွေးတာတွေပြန်စချင်တဲ့ ဆန္ဒအရိပ်အယောင်တစ်ခုလည်း မြင်နေရတယ်လို့ စစ်ဘက်အကဲခတ်သူတွေကဆိုပါတယ်။

အမေရိကန် ဗိုလ်ချုပ် မေလီကတော့  ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးဟာ  စစ်ရေးနည်းလမ်းနဲ့  ဘာအောင်မြင်မှုမှ ရမှာမဟုတ်ဘူး ဆိုတာ ရုရှားနဲ့ ယူကရိန်းနှစ်ဖက်စလုံးက အပြန်အလှန် သိဖို့ လိုတယ်လို့ နယူးယောက်က မိန့်ခွန်းတစ်ခုမှာ ထည့်ပြောသွားခဲ့ပါတယ်။

သမ္မတ ဂျိုး ဘိုင်ဒန်ရဲ့ အကြီးတန်း စစ်ဘက်ဆိုင်ရာ အကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးက အေးခဲနေတဲ့အခြေနေတွေကြားမှာ တိုက်ပွဲတွေလည်းနှေးကွေးလာနေပြီး အသေအပျောက်ပမာဏ များနိုင်တဲ့ လာမယ့် ဆောင်းရာသီတိုက်ပွဲတွေ အတွက်နှစ်ဖက် ညှိနှိုင်းဖို့ လိုအပ်တယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

“ရုရှားစစ်သား ၁သိန်း သေဆုံး၊ဒဏ်ရာရသွားတာကို မင်းကြည့်နေတယ်” လို့ ဗိုလ်ချုပ်ကြီး မေလီ က  ရုရှားသမ္မတပူတင်ကို ရည်ညွှန်းပြောခဲ့သလို”ယူကရိန်းဘက်ကလည်း အတူတူပါပဲ” လို့ ထပ်ပြောပါသေးတယ်။

မော်စကိုရဲ့ ၂၀၂၂ စက်တင်ဘာလနောက်ဆုံးသတင်းထုတ်ပြန်ချက်မှာတော့ ပထမဆုံး  ပဋိပက္ခစတင်ခဲ့တဲ့ မတ်လကတည်းက ရုရှားတပ်ဖွဲ့ဝင် ၅၉၃၇ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဆာရဂျီ ရှိုဂိုပြောခဲ့ပေမယ့် သူက အရေအတွက်များတဲ့ ကျဆုံးစာရင်းတွေကိုလည်း ပယ်ချခဲ့တယ်လို့လည်း သတင်းတွေကနေတဆင့် သိရပါတယ်။

ကျူးကျော်စစ်ပွဲကို “ကြီးမားသောဒုက္ခများ၊ လူသားများရဲ့ဒုက္ခတွေဖြစ်တယ်” လို့ဗိုလ်ချုပ် မေလီ ကပြောခဲ့ပြီး ၂၀၂၂ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်လာချိန်ကစပြီး ဒုက္ခသည် ၁၅ သန်း ကနေ သန်း ၃၀ အကြား ရှိနေ ပြီလို့ သူကပြောပါတယ်။

ရုရှားအပါအဝင် ဥရောပတလွှား ယူကရိန်းဒုက္ခသည် ၇ဒဿမ ၈ သန်းကို ကုလသမဂ္ဂက မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒိ ကိန်းဂဏန်းတွေထဲမှာ  နေအိမ်တွေထွက်ပြေးတိမ်းရှောင်နေခဲ့ကြခဲ့ပေမယ့် ယူကရိန်းမှာပဲ ဆက်ပြီး စစ်ဘေးရှောင်နေရတဲ့သူတွေ မပါသေးဘူးလို့လည်း သိရပါတယ်။

မော်စကို ဘက်ကတော့  သူတို့လက်ကို အပြည့်အဝကျဆုံးခဲ့တဲ့ အချက်အချာကျတဲ့ ယူကရိန်းဆိပ်ကမ်းမြို့ ခါဆွန်ကနေ လာမယ့် ဗုဒ္ဓဟူးနေ့ နိုဝင်ဘာ ၁၆မှာ မှာ အပြီးဆုတ်ခွာမယ်လို့  လူသိရှင်ကြား ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

Ref: BBC

 ယူကရိန်း ဒေသတစ်ခုကနေ ရုရှားတပ်တွေဆုတ်ခွာသွားပြီး တွေ့ရတဲ့ မြင်းကွင်းတစ်ခု ( ဧပြီ  ၁ရက် ယူကရိန်း ကိဖ့်မြို့)
  Photo credit: (AP Photo/Rodrigo Abd) Read Less
Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *