
Photo Credit: Kacper Pempel/Reuters
ဝါရှင်တန်၊ စက်တင်ဘာ ၁၇
ယူကရိန်းရဲ့ ရုရှားအပေါ် တန်ပြန်ထိုးစစ်ဟာ ထိရောက်မှု နည်းနေသေးတာမို့ ဒီနေ့ ယူကရိန်းစစ်ပွဲဟာ အချိန် ကြာနိုင်ပြီး လွယ်လွယ်နဲ့တော့ အဆုံးသတ်နိုင်မှာ မဟုတ်ဘူးလို့ နေတိုးအတွင်းရေးမှူးချုပ် ဂျန် စတော်တင် ဘာခ် က စက်တင်ဘာ ၁၇ ရက်က သတိပေး ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
မကြာခင်မှာ ဆောင်းရာသီရောက်လာတော့မှာမို့ မြေပြင်မှာ ပြောင်းလဲလာတဲ့ အခြေအနေတွေက အကျပ် ရိုက်နိုင်ပြီး ရုရှား ကလည်း ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ဖြိုခွဲ ဖျက်ဆီးဖို့ နောက်တစ် ကြိမ် ကြိုးစားလာမယ့် အလား အလာ လည်း ရှိနေပြန်ပါတယ်။
“စစ်ပွဲအများစုဟာ ပထမစတင်ချိန်မှာ မျှော်လင့်ထားတာထက် ပိုကြာပါတယ်။ ဒါကြောင့် ယူကရိန်းမှာ ရှည်ကြာတဲ့ စစ်ပွဲ အတွက် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရမှာပေါ့” ဆိုပြီး စက်တင်ဘာ ၁၇ရက် တနင်္ဂနွေ နေ့ကထုတ်ဝေတဲ့ ဂျာမန်သတင်းစာ ဘာလင်နာ မာဂန်ပို့စ်နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခု့မှာ စတော်တင်ဘာခ်က ပြောဆိုလိုက်ပါတယ်။
“ကျွန်တော်တို့ အားလုံးက ငြိမ်းချမ်းရေးကို အမြန်လိုချင်တယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော်တို့ အသိအမှတ်ပြုရမှာ က သမ္မတ ဇလန်းစကီး နဲ့ ယူကရိန်းတွေကသာ လက်လျှော့လိုင်ရင် သူတို့ရဲ့နိုင်ငံဟာ ဆက်ရှိတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ သမ္မတ ပူတင်နဲ့ ရုရှားတို့က သူတို့ရဲ့ လက်နက်တွေကို ပစ်ချပစ်လိုက်မယ် ဆိုတဲ့ အခါမှ ကျွန်တော်တို့ ငြိမ်းချမ်းရေး ရမှာပါ” လို့လည်း နေတိုးအကြီးအကဲက ပြောပါတယ်။
“ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အလွယ်ဆုံးနည်းလမ်းက ပူတင်က သူ့တပ်တွေကို ရုပ်သိမ်းလိုက်ရင် ဖြစ်မှာပါ” ဆိုပြီး လည်း ပြောပါတယ်။
ဆက်ပြီး ယူကရိန်းမှာ ပူတင်က နျူကလီးယားလက်နက်တွေသုံးနိုင်မသုံးနိုင်ကိစ္စနဲ့ ပတ်သက်ပြီး စတော်တင်ဘတ်ခ်က “ပူတင်ရဲ့ နျူကလီယားစကားဟာ အန္တရာယ်ရှိပြီး ကြမ်းတမ်းပေမယ့် ခြိမ်းခြောက်မှုတိုင်းအတွက် နေတိုးက ပြင်ဆင် ထားပါတယ်” လို့လည်း ပြောဆိုပါတယ်။
“နေတိုးရဲ့ အဓိကအချက်ကတော့ စစ်ပွဲကို တားဆီးဖို့ပါပဲ၊ အနည်းဆုံးတော့ နျူကလီးယားစစ်ပွဲပါပဲ။ ကျွန်တော်တို့မှာ ယုံကြည်ရလောက်တဲ့ အဟန့်အတားတစ်ခုရှိတယ်။” “ရုရှားစစ်တပ် လုပ်နေတာတွေကို ကျွန်တော်တို့ အနီးကပ် စောင့် ကြည့် နေပါတယ်။ အခုအချိန်အထိ ရုရှားရဲ့နျူကလီးယား အစီအစဥ်ကို ကျွန်တော်တို့ သတိမထားမိသေးပါဘူး။” ဆိုပြီး နေတိုးအတွင်းရေးမှုးချုပ် ဂျန် စတော်တင်ဘတ်ခ် က ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာအညွှန်း။ ရှေ့တန်းတစ်နေရာမှာ ယူကရိန်းစစ်သည်တွေ တိုက်ပွဲဝင်နေပုံ
Feature Image Credit: Sofiia Gatilova/Reuters