ဝါရှင်တန်၊ မတ် ၇
ဆွီဒင်နိုင်ငံဟာ ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီး နှစ်နှစ်အကြာ လုံခြုံရေးအာမခံချက်ကြောင့် နေတိုးကို ဝင်ခဲ့ရတဲ့အကြောင်း မတ်လ ၇ ရက် က ပြောဆိုလိုက်ပါတယ်။
ဆွီဒင်က သူ့ရဲ့ အမျိုးသားလုံခြုံရေးမူဝါဒကို ပြန်လည်စဉ်းစားပြီးတဲ့နောက် မဟာမိတ်ဖွဲနေထိုင်တာ စကင်ဒီနေးဗီးယားနိုင်ငံတစ်ခုအတွက် ဘေးကင်းရေး အကောင်းဆုံးအာမခံချက်ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဆွီဒင်ဝန်ကြီးချုပ် အုဘ်ဖ် ခရစ်စတာဆန် က စစ်ဘက်မဟာမိတ်အဖွဲ့ဝင်အားလုံးရဲ့ ကျောထောက်နောက်ခံကို အာမခံဖို့ ရေးဆွဲထားတဲ့ လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်အဖြစ် မတ်လ ၇ရက် ကြာသပတေးနေ့က အမေရိကန်အစိုးရထံ နောက် ဆုံး စာရွက်စာတမ်းကို လွှဲပြောင်းပေးအပ်လိုက်ပြီ လို့သိရပါတယ်။
ခရစ်စတာဆန် ဆီက ဆွီဒင်ရဲ့ နေတိုး ဝင်ခွင့်စာရွက်စာတမ်းတွေကို လက်ခံရရှိချိန်မှာပဲ “စောင့်ဆိုင်းနေသူတွေ အတွက် ကောင်းမွန်တဲ့အရာတွေ ရောက်လာပါပြီ” ဆိုပြီးလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က ပြောပါတယ်။
ဆွီဒင်လူထုရဲ့ သဘောထားကို ပြသတဲ့ စစ်တမ်းတွေအရ ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ဝင်ရောက်ပြီးတဲ့နောက် အရာအားလုံး ပြောင်းလဲသွားခဲ့တယ်လို့ ဘလင်းကင်က မှတ်ချက်ချပါတယ်။
“ဆွီဒင်နိုင်ငံဟာ အလွန်လေးနက်တဲ့ အရာတစ်ခုကို သဘောပေါက်ခဲ့ပါတယ်- ပူတင်က အိမ်နီးချင်းတစ်ဦးကို မြေပုံကနေ ဖျက်ပစ်ဖို့ ဆန္ဒရှိနေတယ်ဆိုရင်၊ သူအဲဒီမှာ ရပ်မနေဘဲ နေမှာပါပဲ”။ ဆိုပြီးလည်း ဘလင်းကင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters/fs/mi
ပုံစာ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က ဆွီဒင်ဝန်ကြီးချုပ် အုလ်ဖ် ခရစ်စတာဆန်ကို နေတိုးအဖွဲ့ဝင်အဖြစ် အသိမှတ်ပြု့စာတမ်းတွေ ၂၀၂၄ မတ်လ ၇ ရက် နေ့မှာ ပေးအပ်နေပုံ
Feature Image Credit: AFP/Andrew Caballero-Reynolds



