ယူကရိန်းစစ်ပွဲကို ထောက်ခံအားပေးတဲ့ မြောက်ကိုရီးယားကို ကျေးဇူးတင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြော

ဆိုးလ်၊ အောက်တိုဘာ ၁၉

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာရောဗ် က ယူကရိန်းစစ်ပွဲကို ထောက်ခံအားပေးခဲ့တဲ့ မြောက်ကိုရီးယားကို ကျေးဇူးတင်ကြောင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် အတွက် မော်စကိုအနေနဲ့အပြည့်အ၀ ထောက် ခံမှုတွေနဲ့အတူ စည်းလုံးညီညွတ်မှုကို အလေးနက် ကတိပြုခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

လာရော့ဗ်ဟာ နိုင်ငံရေးအရ အထီးကျန်မြောက်ကိုရီးယားနဲ့ လက်တွဲဆောင်ရွက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင် နေတဲ့  သမ္မတပူတင်အလည်အပတ်ခရီးစဉ်ကာလမှာ လုပ်မယ့် ဆွေးနွေးပွဲတွေအတွက် ပြုံးယမ်းကို အောက်တိုဘာ ၁၈ ရက်မှာ ရောက်လာခဲ့တာပါ။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်အတွက်  ရှားရှားပါးပါး ရုရှာအလည်ပတ်ခရီးစဉ်တစ်ခု ပြီးတဲ့နောက် တစ်လအကြာမှာ ပူတင်ကို ပြုံယမ်းခရီးစဥ် အတွက် စီစဥ်ခဲ့ကြတာလို့ဆိုပါတယ်။

အခုသီတင်းပတ်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေကြား ရခဲ့တဲ့ သဘောတူညီချက်တွေကို အကောင် အထည်ဖော် ဖို့ရာအတွက် လက်တွေ့ကျတဲ့ ခြေလှမ်းတွေကို ပြန်သုံးသပ်ဖို့ အဖိုးတန်အခွင့် အရေးတစ်ရပ်ကို ကမ်းလှမ်းမှာ ဖြစ်တဲ့ အကြောင်း ကိုလည်း လာရော့ဖ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မကြာသေးတဲ့ သီတင်းပတ်တွေမှာ မြောက်ကိုရီးယားက ရုရှားနိုင်ငံကို လက်နက်တွေ တင်ပို့ခဲ့တဲ့ အကြောင်း ကိုလည်း အိမ်ဖြူတော်က  ပြောဆိုထားပါတယ်။

ကရန်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပါစကောဖ်ကတော့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေဟာ အထောက် အထားတွေအပေါ် အခြေခံတာမဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့တယ်လို့ လည်း သိရပါတယ်။

Ref: Reuters/ga

ပုံစာ။  ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့က  မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းကို ရောက်လာတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး

Feature Image Credit: Russian Foreign Ministry/Handout via REUTERS

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *