ယူကရိန်းက နိုဗာကာခေါ့ဗ်ကာဆည် ကျိုး ပေါက်လို့ မြို့ရွာ (၈၀)လောက် ရေလွှမ်း ခံ ရဖွယ်ရှိ

ယူကရိန်းနိုင်ငံတောင်ပိုင်းက နိုဗာကာ ခေါ့ဗ်ကာဆည်ဟာ ဇွန်၆ရက်ညပိုင်းက ကျိုးပေါက်ပြီးရေတွေလျှံထွက်ကုန်တယ်။ ရုရှားနဲ့ယူကရိန်း ဘယ်ဖက်က ပစ်လိုက်လို့ ဒီဆည်ကျိုးသလဲမသိရဘူး။ ဒေသခံ ၁၀၀၀၀ လောက်ကတော့ ရေဘေးလွတ်ရာ ရှောင်ပြေးကုန်ကြပြီ။

ရုရှားဖက်က ပစ်လိုက်လို့ ဆည်ကျိုးတာလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇေလင်စကီးက ချက်ခြင်းစွပ်စွဲတယ်။ ဒါမျိုးထပ်မလုပ်ဖို့ ရုရှားကိုဝိုင်းတားပေးကြပါ၊ ဖိအားထပ် ပေးကြပါလို့ အမေရိကန်နဲ့အနောက်အုပ် စုဝင်နိုင်ငံတွေကို ဇေလင်စကီးက သူ့လုပ် ရိုးလုပ်စဉ်အတိုင်း အကူအညီတောင်း တယ်။

ဒီဆည်ကျိုးတာလောက်နဲ့ ယူကရိန်းကို ရပ်တန့်အောင်လုပ်လို့မရဘူး။ တစ်နိုင်လုံး ရုရှားလက်ထဲကလွတ်မြောက်အောင် တိုက်ကြရမယ်လို့ ဇေလင်စကီးက ဗီဒီယို ဖိုင်ကနေရဲရဲတောက်မိန့်ခွန်းပြောတယ်။

ရုရှားဖက်က ဒီဆည်ကျိုးပေါက်အောင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိရင် ဝိုင်းပြီး ဖိအားပေးပိတ်ဆို့မယ်လို့ ဗြိတိသျှဝန်ကြီးချုပ် ရိရှိဆူနတ်က စကားကို ထိန်းပြောတယ်။ ဒါပေမယ့် နေတိုးစစ်အုပ်စု အကြီးအကဲ ဂျင်းစ် စတိုလ်တင်ဘာ့ဂ်နဲ့ ဥ ရောပကောင်စီဥက္ကဌ ချားလ်စ်မီချဲလ် တို့ကတော့ ဇေလင်စကီးနဲ့တစ်လေသံတည်း ထွက်ပြီး ရုရှားလုပ်တာ သူတို့ အထိတ် တလန့်ဖြစ်ရတယ်။ လူမဆန်ဘူးလို့ ပြောကြတယ်။

ရုရှားတွေ ထိုးစစ်ဆင်လို့မရဖြစ်အောင် ၂၀၁၄တုန်းက ပြန်သိမ်းယူထားတဲ့ ခရိုင်း မီးယားကျွန်းဆွယ်က ရုရှားတွေ သုံးစရာ ရေမရှိအောင် ယူကရိန်းဖက်က ဉာဏ် ဆင်ပြီးဆည်ကျိုးအောင်လုပ်တာဖြစ်တယ်လို့ ရုရှားက အခိုင်အမာထောက်ပြ စွပ်စွဲ တယ်။

အဲဒီဆည်က ရေနဲ့ အအေးဓာတ်ရနေတဲ့ ဉရောပရဲ့အကြီးဆုံး ဇာပိုရီဇဇီယာ နျူကလီး ယားဓာတ်အားပေးစက်ရုံအတွက်တော့ ကျွမ်းကျင်သူတွေ စိတ်ပူနေတယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *