ယူကရိန်းကို အကူအညီသစ်တွေ ပေးဖို့ အမေရိကန် အထက်လွှတ်တော် ခေါင်းဆောင်တွေက ငြင်းဆိုနေ

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၉

အမေရိကန် အထက်လွှတ်တော်ရဲ့  ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် ခေါင်းဆောင်တွေက ၂၀၂၃ခုနှစ် နှစ်မကုန်မီ အတော အတွင်း ယူကရိန်းအတွက် အကူအညီအသစ်တွေ ပေးဖို့  အတည်မပြုနိုင်သေးဘူးလို့ ဒီဇင်ဘာ ၁၉ရက် အင်္ဂါနေ့က ပြောဆို လိုက် တယ်လို့ သိရပါတယ်။

 ရီပတ်ပလီကန် ခေါင်းဆောင်တွေက “ဒီနှစ်လက်ကျန်အချိန်တွေမှာတော့ အထက်လွှတ်တော်နဲ့ အုပ်ချုပ်ရေး ညှိနှိုင်းရေးမှူး တွေဟာ သူတို့ရဲ့ သဘောတူညီချက်ကို အပြီးသတ်နိုင်ရေးအတွက် သစ္စာရှိရှိ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ “ဆိုပြီး အတိအလင်း ပြောခဲ့တယ်လို့ သိရပါတယ်။

“စိန်ခေါ်မှုပြဿနာတွေ  ရှိနေဆဲ ဆိုပေမယ့်လည်း  တောင်ပိုင်းနယ်စပ်က လိုအပ်ချက်တွေကို ဖြေရှင်းပေးဖို့၊ အစ္စရေး၊ ယူကရိန်းနဲ့ အင်ဒို-ပစိဖိတ်ဒေသက ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေကို ကူညီပေးဖို့  ကျွန်တော်တို့ ကတိပြုပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။ဒါပေမယ့် အမျိုးသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု တွေကိုတော့ အဖြေမထုတ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဇလန်စကီး တစ်ယောက်  ဒီဇင်ဘာလလယ်က  ဝါရှင်တန်ကို သွားခဲ့ပြီး ဆောင်းရာသီထဲ လက်နက်လိုအပ်မှု ပြသနာတွေ ဆွေးနွေးပြီး အကူအညီတွေတောင်းခဲ့တယ်လို့ သိရပါတယ်။ ဒီ ခရီးစဉ်ဟာ  တစ်နှစ်အတွင်း  တတိယမြောက် ခရီးဖြစ် တယ်လို့လည်း သိရပါတယ်။

ဇလန်းစကီး ဘက်ကတော့  မျှော်လင့်ချက်ရှိနေဆဲဖြစ်ပြီး  ဒီဇင်ဘာ ၁၉ရက်အင်္ဂါနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်က  သစ္စာဖောက်မှာ မဟုတ်ဘူးလို့ ထည့်ပြောသွားခဲ့ပါတယ်။

ဒီနေ့အထိတော့ ယူကရိန်းတပ်တွေအပေါ်  ရုရှားရဲ့ ဖိအားပေးမှုက တင်းမာနေဆဲပဲလို့ သိရပါတယ်။

Ref: AFP/kg

ပုံစာ။ အမေရိကန် အထက်လွတ်တော် ခေါင်းဆောင်တွေနဲ့ တွေနေတဲ့ ဇလန်စကီး( ၁၂ ဒီဇင်ဘာ ၂၀၂၃)

Feature Image Credit: AFP/Andrew Caballero-Reynolds)

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *