ယူကရိန်းကို ပံ့ပိုးဖို့  ဂျာမန်စစ်တပ်အကြီးအကဲတွေရဲ့  ဖုန်းခေါ်ဆိုမှုမှတ်တမ်း ရုရှားဆီ ပေါက်ကြား

ဘာလင်၊ မတ် ၅

ရုရှားမီဒီယာတစ်ခုဟာ လွန်ခဲ့တဲ့ သီတင်းပတ်က  ယူကရိန်းကို ပံ့ပိုးပေးဖို့ ပြောဆိုခဲ့တဲ့ ဖုန်းခေါ်ဆိုမှု ဖြစ်တဲ့  ဂျာမန်အကြီးတန်း စစ်ဘက်အရာရှိတွေရဲ့ပြောဆိုမှု ၃၈ မိနစ်ကြာ အသံမှတ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

ပေါက်ကြားလာတဲ့ အွန်လိုင်းဖုန်းခေါ်ဆိုမှုမှာ ဂျာမန်စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိတွေက ယူကရိန်းကို တာဝေးပစ် Taurus ခရုဇ်ဒုံးကျည်တွေ ပေးပိုဖို့ ကိစ္စ ပါဝင်တယ်လို့လည်း သိရပါတယ်။

အဲ့ဒိ ခေါ်ဆိုမှုမှာ  ဂျာမန်လေတပ်ဦးစီးချုပ် အင်ဂို ဂဲဟတ် အပါအဝင် အဆင့်မြင့်စစ်ဘက်အရာရှိ သုံးဦးတို့ ဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။

ဂျာမန်အဓိပတိ အိုလပ်ဖ် ရှိုး ကတော့ ဒုံးကျည်ကိစ္စကို အခုအချိန်အထိ လူသိရှင်ကြား ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။

ပေါက်ကြားလာတဲ့ ဆွေးနွေချက်တွေထဲမှာ ယူကရိန်းစစ်သားတွေကို  လေ့ကျင့်သင်ကြားမှုတွေအပြင် ရုရှားပြည်မကြီးကို ခရိုင်းမီးယားမှာရှိတဲ့  ရုရှားလက်နက်တိုက်တွေနဲ့  ချိတ်ဆက်ထားတဲ့ တံတားအပါအဝင် ဒုံးကျည်တွေ အတွက်  ဖြစ်နိုင်ချေရှိတဲ့  စစ်ရေးပစ်မှတ်တွေ အကြောင်းလည်း ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒိထက်မက ယူကရိန်းမှာ  ဗြိတိန်တပ်ဖွဲ့ဝင်တွေ  တပ်စွဲထားပုံနဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့   ဒုံးကျည်တွေ  နိုင်ငံထဲမှာ ဖြန့်ကျက်ချထားမှုစတဲ့  မဟာမိတ်တွေရဲ့  စစ်ဆင်ရေးအသေးစိတ်တွေပါ ပါနေတာ ဖြစ်ပါတယ်။

 ထပ်ပြီး သိရတာကတော့ ယူကရိန်းနိုင်ငံအတွက် အရေးတကြီး  လိုအပ်တဲ့ ဂြိုဟ်တုဒေတာတွေ နဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဖော်ပြခဲ့တဲ့ ပေါက်ကြားလာတဲ့ အွန်လိုင်း ဖုန်းခေါ်ဆို ဆွေးနွေမှုတွေဟာ ၂၀၂၄ ဖေဖော်ဝါရီ ၁၉ ရက်က ဖြစ်တဲ့အကြောင်းကိုလည်း ရုရှားနိုင်ငံပိုင် ရန်ပုံငွေ ရုပ်သံလိုင်း RT ရဲ့  အယ်ဒီတာချုပ် မာဂရီတာ စီမွန်ယန် ရဲ့ ပြောဆိုမှု အရ သိရပါတယ်။

Ref: Reuters/AP/gs

ပုံစာ။ ဂျာမန်လေတပ် စစ်ဦးစီးချုပ် အင်ဂို ဂဲဟတ်

Feature Image Credit: REUTERS/Annegret Hilse

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *