ယုဇနဥယျာဉ်မြို့တော်၊မြသီတာပန်းခြံရှေ့ မှာ Taxiယာဉ်မောင်းအမျိုးသားတစ်ဦး ဓားနဲ့ထိုးသတ်ခံရ

ရန်ကုန်၊ဒဂုံဆိပ်ကမ်းမြိုနယ်၊ယုဇနဥ ယျာဉ်မြို့တော်၊ကျွန်းရွှေဝါလမ်း၊ မြသီတာ ပန်းခြံရှေ့မှာ သြဂုတ်လ၂၆ရက်ညနေ ၃ နာရီခန့်က Taxiယာဉ်မောင်းအမျိုးသား တစ်ဦး ဓားနဲ့ထိုးသတ်ခံခဲ့ရတယ်လို့ ဒေ သခံတွေဆီက သိရပါတယ်။

“Taxiကားသမားဦးလေးကြီးကို ကားငှား စီးလာတဲ့ ကောင်လေးနှစ်ယောက်က ဓားနဲ့ထိုးသတ်သွားတာပါ။ရက်ရက်စက် စက်သတ်သွားပြီး ဖုန်းနဲ့ပိုက်ဆံအိတ်ကို လုယက်သွားပါတယ်´´လို့ ဒေသခံတစ် ယောက်ကပြောပါတယ်။

ဓားနဲ့ထိုးသတ်ခံရခဲ့ရတဲ့ Taxiယာဉ်မောင်း အမျိုးသားရဲ့ရုပ်အလောင်းကို လူမှုကူညီ ရေးအသင်းက မော်တော်ယာဉ်နဲ့ ဆေးရုံ ကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *