ယီမင် အခြေစိုက် ဟူသီသူပုန်တွေကို အမေရိကန်၊ ယူကေ တို့က လေကြောင်းတိုက်ခိုက်မှုတွေလုပ်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃

အမေရိကန်နဲ့ ဗြိတိန် တိုက်လေယာဥ်တွေဟာ  ပင်လယ်နီထဲက ဖြတ်သန်းနေတဲ့ ကုန်သွယ်သင်္ဘော တွေကို မကြာခဏ အနှေက်အယှက်ပေး ပစ်ခတ်နေတဲ့  ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေကို ပစ်မှတ်ထားပြီး  ဇန်နဝါရီ ၁၃ရက်နေ့မှာ လေ ကြောင်းတိုက်ခိုက်မှူ ဒါဇင်နဲ့ချီ လုပ်ခဲ့တယ်လို့ သိရပါတယ်။

 ဒီလေကြောင်းတိုက်ခိုက်မှုအတွက် နယ်သာလန်၊ သြစတြေးလျ၊ ကနေဒါနဲ့  ဘာရိန်းတို့က စစ်ဆင်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေးနဲ့  ထောက်လှမ်းရေး အထောက်အပံ့တွေပေးခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။          

ဒါတင်သာမက ဂျာမနီ၊ ဒိန်းမတ်၊ နယူးဇီလန်နဲ့  တောင်ကိုရီး ယားတို့ကလည်း  ဟူသီသူပုန်တွေအနေနဲ့ နောက်ပြန် မဆုတ် ခဲ့ဘူးဆိုရင်တော့  ပင်လယ်နီထဲမှာ ကုန်သွယ်မှုလွတ်လပ်စွာစီးဆင်းနိုင်ဖို့ကို ကာကွယ်ဖို့ အဆိုပါခြောက်နိုင်ငံဟာ ပူးတွဲ ကြေညာ ချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။

လက်ရှိအခြေအနေမှာတော့  အီတလီ၊ စပိန်နဲ့  ပြင်သစ် စတဲ့ နိုင်ငံတွေကတော့ ဒီ တိုက်ခိုက်မှုမှာ ပါဝင်လာတာ မရှိသေး ပါဘူး။

ဒီလိုမျိုး ဟူသီသူပုန်တွေရဲ့ ပင်လယ်နီထဲ နှေက်ယှက်တိုက်ခိုက်တာဟာ ဂါဇာဒေသမှာ တိုက်ခိုက်နေတဲ့ အစ္စရေးနဲ့ အစ္စရေး ထောက်ခံသူတွေကို ဆန်ကျင့်တဲ့ အနေနဲ့ တိုက်ခိုက်နှောက်ယှက်နေတာလို့ ဟူသီတွေဘက်က ထုတ်ဖော်ပြောဆို ထားပြီး လည်း ဖြစ်ပါတယ်။

ReF: Reuters

ပုံစာ။ ယီမင်သူပုန်တွေကို တိုက်ခိုက်နေတဲ့ တိုက်လေယာဥ် တစ်စီးကို တွေ့ရပုံ

Feature Image credit: Reuters

Visited 46 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *