ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ဟားမတ်စ်တွေဘက်ကို အခုထက်ပိုပြီး ဝင်ကူဖို့ ရှိနေ

ဒူဘိုင်း၊ နိုဝင်ဘာ ၁

ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ဟားမတ်စ်နဲ့ အစ္စရေး စစ်ပွဲထဲကို အခုထက်ပိုပြီး ပါလာမှာကို ဒေသတွင်းက စိုးရိမ် နေတယ် လို့ သိရပါတယ်။

မကြာသေးခင်ကလည်း ဟားမတ်စ်တွေကို ထောက်ခံတဲ့ အနေနဲ့ အစ္စရေးဘက်ကို ဒရုန်းတွေ ၊ဒုံးကျည်တွေနဲ့ လှမ်းပစ် ခတ် တာမျိုး လုပ်ခဲ့ပါတယ်။

အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေက  အစ္စရေးကို ဟားမတ်စ်က အောက်တိုဘာ ၇ ရက်က တိုက် ခိုက် ခဲ့ပြီးနောက် ပါလက်စတိုင်းတွေရဲ့ ဘက်မှာ ရှိနေခဲ့ပါတယ်။

ဟူသီစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရတ်ဟရာ ဆာရီးကပြောဆိုရာမှာ  သူပုန်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေ အများအပြားပစ်လွှတ်ခဲ့ပြီး ပါလက်စတိုင်းတိုအောင်ပွဲရဖို့ နောက်ထပ် တိုက်ခိုက်မှုတွေလည်း ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။

အစ္စရေးတို့က   ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်တွေရဲ့ အမာခံနယ်မြေကို ဖျက်ဆီးဖို့  ကြိုးစားနေချိန်မှာ ကမ္ဘာ့ အကြီး ဆုံး ရေနံတင်ပို့သူ ဆော်ဒီအာရေးဗီးယား အပါအဝင် နိုင်ငံအတော်များများက ပဋိပက္ခ ပို ကျယ်ပြန့် လာမှာကို  စိုးရိမ်တကြီး ရှိနေကြပါတယ်။

အောက်တိုဘာ ၂၈ ရက်က မောင်းသူမဲ့လေယာဉ်နဲ့  တိုက်ခိုက်မှုနောက်ကွယ်မှာ ရှိနေတဲ့  ဟူသီသူပုန်တွေကို အစ္စရေးက ပြစ်တင်ရှုတ်ချခဲ့သလို အမေရိကန်ရေတပ်ကလည်း ဟူသီတွေရဲ့  ခရုဇ်ဒုံးကျည်သုံးစင်းကို ကြားဖြတ် ဟန့်တားခဲ့ပါတယ်။

အစ္စရေးအမျိုးသားလုံခြုံရေးအကြံပေး  ဇာချီ ဟန်နဘီ ကတော့ ဟူသီတို့ရဲ့  တိုက်ခိုက်မှုတွေကို သည်းမခံနိုင် ကြောင်း ပြော ဆိုခဲ့ပေမယ့်လည်း အစ္စရေးက ဘယ်လိုတုံ့ပြန်မယ်ဆိုတာ,ကိုတော့ အတိအလင်း ထုတ်ပြောတာ မရှိသေးဘူးလို့ သိရပါ တယ်။

Ref: Reuters/fs

ပုံစာဟူသီတပ်ဖွဲတွေကို တွေ့ရပုံ

Feature Image Credit: Houthi Media Center/Handout via REUTERS

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *