ယာဉ်ကြောပိတ်ဆို့နေသော အာရှလမ်းမကြီးတစ်လျှောက် ဖြတ်သန်းမည့်ယာဉ်များကို စစ်ဆေးမည်

၈ စက်တင်ဘာ ၂၀၂၃

ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေသော အာရှလမ်းမကြီးတစ်လျှောက် ဖြတ်သန်းမည့် ယာဉ်များကို စစ်ဆေးသွားမည် ဖြစ်ကြောင်း မြဝတီကုန်သွယ်ရေးဇုန်က သိရသည်။

သွင်းကုန်ပစ္စည်း တင်ဆောင်လာသည့်ယာဉ်များကို ယာဉ်ငယ်စစ်လမ်းကြောင်းမှ စစ်ဆေးကာ လိုအပ်ပါက ပို့ကုန် ယာဉ်စစ်ကွင်း နေရာလွတ်ပေါ်မူတည်၍ ပို့ကုန်ကွင်းအတွင်း စစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိ တန်း စီထားသည့် ယာဉ်များကို ဦးစားပေး၍ စစ်ဆေးမှုခံယူရန် ကွင်းအတွင်း ဝင်ရောက်နိုင်ရေး ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။

ယာဉ်များ တန်းစီသည့်အခါ စနစ်တကျ ယာဉ်ကြော တစ်ထပ် ဖြစ်ရန်အတွက် အေဂျင်စီ များတင်ပြလာသည့် စာရွက်စာတမ်းပြည့်စုံသော သွင်းကုန်ယာဉ်များကို စက်တင်ဘာလ ၇ ရက် က စတင်၍ အကောက်ခွန်ဦးစီး ဌာနက ယာဉ်ဝင်ခွင့်ကဒ်ပြား ထုတ်ပေးနေကြောင်း သိရသည်။

ယာဉ်ဝင်ခွင့်ကဒ်ပြားရရှိပြီးယာဉ်များအနေဖြင့် အာရှလမ်းမပေါ်တွင် နေရာယူတန်းစီရမည် ဖြစ်ပြီး အထောက် အထား မှန်ကန်မှု မရှိဘဲ တန်းစီထားသည့် ကုန်တင်ယာဉ်ကို လမ်းနှင့်ယာဉ်စည်းကမ်းများအရ အဆိုပါနေရာမှ ထွက်ခွာ ခွင့် (၅)ရက် ပိတ်ထားမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *