ရန်ကုန်၊ ဧပြီ ၈
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၂၂/၆)အနီးတွင် Swift အမျိုးအစား ယာဉ်(၁)စီး တိမ်းမှောက်မှု ယနေ ဧပြီလ ၈ ရက် မွန်းလွဲ ၃ နာရီခန့်က ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီး သတ်တပ်ဖွဲ့က သိရသည်။
အခင်း ဖြစ်ပွားရာနေရာသို့ ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး မ(၃)ဦး စုစုပေါင်း(၄)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် မ(၁)ဦး (သေဆုံး)တို့ကို မေတ္တာရေစင်လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ ဆောင် ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။