ယနေ့ ပုဇွန်တောင်ဘူတာအနီး အမျိုးသားတစ်ဦးရထားတိုက်ခံရကာ သေဆုံး

ရန်ကုန်တိုင်းဒေသကြီး ၊ပုစွန်တောင်မြို့နယ်၊ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြားတွင်အမျိုးသားတစ်ဦး ရထားတိုက်ခံရကာ သေဆုံးသွားကြောင်း သိရသည်။

ယနေ့မေလ ၁၇ရက် နံနက် ပိုင်းက ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြားရှိ A.92 ၊ A.95 ကြားတွင် ခန့်မှန်းအသက် ၁၈ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးရထားတိုက်မိသေဆုံးနေကြောင်း မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်း ထံ ဆက်သွယ်အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါရထားတိုက်ကာ သေဆုံးသွားသူသော အဆိုပါလငယ် အမျိုးသား၏ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရသေးကြောင်းလည်း သိရသည်။

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *