၁၄ အောက်တိုဘာ၊၂၀၂၃
ရခိုင်ပြည်နယ် မောင်တောကနေ ၂၀၁၇ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာသွားသည့် နေရပ်စွန့်ခွာသူများအား ပြန်လက်ခံရေးအတွက် မြန်မာအစိုးရက လက်ရှိတွင် စီစဉ်နေပြီး၊ထိုသို့ စီစဉ်နေဆဲမှာပင် နှောက်ယှက်မှုမျိုးစုံ ကြုံတွေ့နေရကြောင်း လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန ၏ ပြောကြားချက်အရသိရသည်။


“ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာသွားသည့် နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံရေးကိစ္စနှင့် ပတ် သက်ပြီး UNHCR ဖြင့် ဆွေးနွေးညှိနှိုင်း၍ ပြန်လည်လက်ခံရန် စီစဉ် ဆောင်ရွက်နေသည့် အချိန်တွင် မလိုလား အပ်သော အဖွဲ့အစည်းများ၏ နှောက်ယှက်မှုမျိုးစုံ ကြုံတွေ့နေရပါတယ်”ဟု လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန တာဝန်ရှိသူက ဆိုသည်။
မြန်မာအစိုးရတာဝန်ရှိသူများသည် ပြီးခဲ့သည့် ၂၀၂၃ မေလ ၈ရက်က နိုင်ငံတကာသံအမတ် ၂၀ ကျော်ကို မောင်တောဒေသသို့ ဖိတ်ခေါ်ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်ခေါ်ယူရေးအဆင်သင့်ပြင်ဆင်ထားမှုများကို ထုတ်ပြခဲ့သည်။
လာရောက်ကြသည့် သံတမန်များထဲ အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကိုရီးယား စတဲ့ သံတမန် များပါပြီး သူတို့တွေဟာ မောင်တောဒေသရှိ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေး ၂ ခု ဆီ သွားခဲ့ကြသည်ကိုတွေ့ရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည်များထဲက လူပေါင်း ခုနစ်ထောင်ကို အခုနှစ်အတွင်း ပြန်လည်လက်ခံသွားမည့်အကြောင်းနှင့် လက်ခံရေးအစီအစဉ်ကို လာမည့် မိုးရာသီအကုန်တွင် ပြန်လည်လက်ခံဖို့ စီစဉ်နေသည်ဟု စက်တင်ဘာလထုတ် နိုင်ငံပိုင်သတင်းမီဒီယာမှတဆင့် ပြောကြားထားသည်။
တစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာမည့်သူများ၏ အမည် စာရင်းများ၊ အရေအတွက်များ ပေးပို့သည့် အခါ အာဆာအဖွဲ့မှခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ ကူညီထောက်ပံ့မှုပေးနေသည့် အဖွဲ့အစည်းများမှ ရိက္ခာဖြတ် တောက်ခြင်း၊ အကူအညီမပေး တော့ခြင်းများ ပြုလုပ်သဖြင့် ပြန်လာမည့်သူများ ကလည်း စိုးရိမ်ပူပန်မှု ဖြစ်နေကြကြောင်း သိရသည်။
“ပြန်လည်လက်ခံရေးကိစ္စနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန် သင့်တဲ့အချိန်မှာ အချက် အလက်အားလုံးကို သတင်းထုတ်ပြန်ပေးသွားမှာပါ”ဟု လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန တာဝန်ရှိသူကပြောသည်။