၁၇ ဒီဇင်ဘာ ၊၂၀၂၃
ရန်ကုန်တိုင်း၊ မှော်ဘီမြို့ တပ်ကြီးကုန်းစိတ္တသုခလမ်းထိပ်အနီး မနေ့က ကုန်တင်တွဲကား နောက်ပြန်လိမ့်ရာမှ ကုန်တင်ကားအနောက်ပိုင်းမှာပါလာတဲ့ ဆိုင်ကယ်အချို့ကို ဝင်တိုက်မိပြီး၊အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“သည်နေရာနားက မကြာခဏကားတိုက်၊ဆိုင်ကယ်မှောက်တာတွေဖြစ်နေတယ် ဟိုရက်ကဆိုင်ကယ်နဲ့ကားချိတ်မိလို့လူတယောက်ခြေထောက်ကျိုးတယ်၊ သတိထားကြပါ”လို့မြို့ခံတဦးကပြောပါတယ်။
သည်လိုတိုက်ခိုက်မိတာကြောင့် ဒဏ်ရရလူနာတွေရှိကြောင်းကို အနီးနားကပြည်သူတွေက ဒေသခံပရဟိတအသင်းဆီကို အကြောင်းကြားခဲ့တာကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူအမျိုးသား ၂ဦးကို မှော်ဘီဆေးရုံအရေးပေါ်ဌာနသို့ မြင့်မြတ်စေတနာပရဟိတအသင်းက ပိုဆောင်ကူညီပေးခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Visited 39 times, 1 visit(s) today



