ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ်မှာ အောက်တိုဘာဘ၈ရက်နေ့ မွန်းလွဲ၃နာရီက မိုးသည်းထန်စွာရွာသွန်းခဲ့တာ ကြောင့် ဖူးကြီးရေလှောင်တမံရဲ့ ပုံမှန်ရေပြည့်အမှတ်ထက်ပိုသွားခဲ့ပြီးရေပိုလွှဲများမှရေများလျှံကျခဲ့တာကြောင့်ကျေး ရွာအချို့မှာ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့တဲ့ရွာနဲ့ရပ်ကွက်တွေကတော့ ရွှေကျွန်းတောကျေးရွာ၊ အုတ်ဖိုစုကျေးရွာနှင့် နှင်းဆီမြိုင်ရပ်ကွက်တို့ဖြစ်တယ်လို့ သိရပါတယ်။
ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့တဲ့ နေရာတွေကို မှော်ဘီမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နေထိုင်ရန်အခက်အခဲရှိတဲ့အိမ်ထောင်စုများကို ရေဘေးလွတ်ရာ နှင်းဆီမြိုင်ရပ်ကွက် မိဂဒါဝုန်ဘုန်းကြီးကျောင်းကို ကူညီရွှေ့ပြောင်းရေးလုပ်ငန်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo- MFSD