မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပေမယ့် စံပြုရမယ့် ၂၀၂၃ နိုဘယ်ဆု ရလဒ်များ

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အီရန် အမျိုးသမီး မိုဟန်မာဒီကတော့ အကျဥ်းထောင်ထဲမှာ ရောက်နေလို့ ဆုတက်ရောက် မယူနိုင်ခဲ့ပါဘူး

၂၀၂၃ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အီရန်အမျိုးသမီး နာဂက်စ် မိုဟန်မာဒီ
photo Credit: Arzoratae

နိုဘယ်ငြိမ်းချမ်းရေးဆုဆိုတဲ့အရာဟာ  အသိအမှတ်ပြုခံရထိုက်သူတွေကို အမြဲတမ်းချီးမြှင့်ခဲ့တာမျိုး မဟုတ်သလို ထာဝရငြိမ်းချမ်းရေးအတွက်လည်း ရှေ့ပြေးနိမိတ်တစ်ခု မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံ ဆန်ဒီရေးဂိုး တက္ကသိုလ်က ပါမောက္ခတစ်ယောက်ကပြောခဲ့ပါတယ်။

နော်ဝေနိုဗယ်ကော်မတီဟာ ဆန်ကာတင်အဆင့် စာရင်း တင်သွင်း အဆိုပြုခံ ထားရတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် လောင်းလျာ  ၃၅၁ ဦးထဲက နောက်ဆုံး ဆုပေးအပ်ခံရမယ့် သူတွေကိုရွေးချယ်ပြီး အောက်တိုဘာ ၇ ရက် မှာ  ကြေညာခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ အသက်၂၀အရွယ် ဆွီဒင်သူ  ဂရီတာ သွန်းဘတ်နဲ့  ယူကရိန်း ဝန်ကြီးချုပ် ဇလန်းစကီး တို့နှစ်ယောက်ကတော့ ထင်ကြေးအများဆုံး ပေးခံထားရသူတွေပေါ့။ ဆု ချီးမြှင့်ခံရသူ ဟာ နိုဘယ် ဆုတံဆိပ်နဲ့ အတူ အမေရိကန်ဒေါ်လာ ၉၉၄၀၀၀ ဆုကြေးငွေအပါအဝင်  ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှု ရရှိမှာ လည်း ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေကို တားဆီးဖို့နဲ့ စစ်ပွဲတွေအဆုံးသတ်ဖို့ လူ့အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီဖို့ နှစ်များစွာ ငြိမ်းချမ်း ရေးတည်ဆောက်ရေးမှာ လုပ်ခဲ့သူတွေဟာကမ္ဘာ့ဇာတ်ခုံပေါ်မှာ ငြိမ်းချမ်းရေးချန်ပီယံတစ်ယောက်ကို ဂုဏ်ပြုတဲ့ ဒီအခိုက်အတန့်ကို စောင့်မျှော်သင့်တယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ နော်ဝေနိုဗယ်ကော်မတီရဲ့ မှတ်တမ်းအရတော့ ငြိမ်းချမ်းရေး ဆုကြေညာမှု မတိုင်ခင်မှာ ကျွန်တော် အမြဲတမ်း  ကြောက်လန့် နေခဲ့တယ်။ ဒီဆုဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်သူ ဒါမှမှမဟုတ် ငြိမ်းချမ်း ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့သူ နိုင်ငံရေးသမားတစ်ဦးကို ဂုဏ်ပြုမှာလား။ ဒီလို မဟုတ်ပါဘဲ  စစ်မှန်တဲ့ သမိုင်းဝင်အောင်မြင်မှုကို ဂုဏ်ပြုမှာလား မှန်းဆစရာတွေ အများကြီးပါလို့ ပါမောက္ခဖြစ်သူက မှန်း ဆပြပါတယ်။

နော်ဝေနိုဘယ်လ်ကော်မတီမှာက နော်ဝေလူမျိုး အများစုဖြစ်ပြီး နိုင်ငံရေးသမားဟောင်းငါးယောက်နဲ့ ဖွဲ့စည်း ထားတဲ့ခြောက်နှစ်သက်တမ်းရှိတဲ့ နော်ဝေပါလီမန်က  ကြီးကျယ်တဲ့ ငြိမ်းချမ်းရေးဆုရွေးချယ်မှုတွေကို လုပ်ခဲ့ ကြတာပါ။

ဥပမာအားဖြင့် တောင်အာဖရိက နိုင်ငံရေးသမား နယ်လ်ဆင်မင်ဒဲလားဟာ အသားအရောင်ခွဲခြားမှု တိုက်ဖျက် ရေးကို ကူညီဆောင်ရွက်ပေးခဲ့သူ အနေနဲ့ ၁၉၉၃ ခုနှစ်မှာ နိုဘယ်ဆုရခဲ့တယ်။

လိုက်ဘေးရီးယားနိုင်ငံကို  ငြိမ်းချမ်းရေးယူဆောင်လာပေးတဲ့ တက်ကြွလှုပ်ရှားသူ လီမန် ဂါဝီ၊  လိုက်ဘေး ရီးယား သမ္မတဟောင်း အယ်လန် ဂျွန်ဆင် ဆာလိ့ဖ်  နဲ့ ယီမင် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ တာဝါကု ကာရမန် တို့ဟာ ၂၀၁၁မှာ အဆိုပါဆုကိုပူးတွဲ ချီးမြှင့်ခံခဲ့ရတယ်။

ဒီနှစ် ၂၀၂၃ အတွက် နိုဗယ် ဆုရှင်တွေ စာရင်းကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီနေရာမှာ အများ ထင်ကြေးပေးခဲ့ ကြ တဲ့ ဂရီတာ သွန်းဘတ်ခ်ရော ဇလန်းစကီးပါ ပါဝင်လာတာ မတွေ့ရပါဘူး။

ဆေးပညာအတွက် ချီးမြှင့်ခံရတာကနှစ်ယောက်။ ရူပဗေဒဆိုင်ရာ ဆု ချီးမြှင့်ခံရသူက သုံးယောက်။ ဓါတုဗေဒ ဆိုင်ရာ ချီး မြှင့် ခံရသူက သုံးယောက်။ စာပေဆိုင်အတွက် ချီးမြှင့်ခံရသူက တစ်ယောက်နဲ့ အများသူငှာ စိတ်အဝင် စားဆုံး ဆုဖြစ်တဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ နိုဘယ်ဆုကိုတော့ အီရန်အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူ နာဂက်စ် မိုဟန်မာဒီ ကို ချီးမြှင့်လိုက် ပါတယ်။

ဒီဆုကိုတော့ အီရန်က အကျဥ်းထောင်ထဲမှာ ရောက်နေတဲ့ မိုဟန်မာဒီကတော့ သတင်းစကားကြားရရုံကလွဲပြီး ကိုယ်တိုင် လက်ခံ ရယူနိုင်တာမျိုး မလုပ်နိုင်ခဲ့ပါဘူး။

အခုဆိုရင်တော့ ၂၀၂၃ရဲ့ နိဘယ်ဆု အချိုးအကွေ့ အလှည့်အပြောင်း တစ်ခု ကို မျက်ဝါးထင်ထင် မြင်လိုက်ရပြီလို့ ပဲ ဆို ကြရတေ့ာမှာ ဖြစ်တယ်လို့ ဖော်ပြပေးလိုက်ပါတယ်။

Ref: CAN, CNN, Wekipedia

ပုံစာ။ နိုဘယ်ဆုချီးမြှင့်တဲ့ အခမ်းအနားမြင်ကွင်းတစ်ခု

Feature Image Credit Pascal Le Segretain/Getty Images

Visited 29 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *