မွေးရာပါ … ခါးရိုးကောက်သော ရောဂါသည်များ ပျောက်ကင်းကြလေပြီ

ယခုရက်ထဲ မွေးရာပါ … ခါးရိုးကောက်သော ရောဂါ (Scoliosis) လူနာ ၁၂ ဦး ကုသမှုခံယူလိုက်မှုကြောင့် ခါးရိုးပြန်လည်တည့်မတ်သွားပြီ ဟုသိရှိရသည်။

အဆိုပါ ၁၂ဦးကို ၂၀၂၃ ဇွန် ၁၂ ရက်မှ ၁၆ ရက်အထိ ၅ရက်တိုင်တိုင် ဆရာဝန်ကြီးများက ခွဲစိတ်ပေးခဲ့ကြခြင်းဖြစ်ပြီး ၁၀၀ရာခိုင်နှုန်းအပြည့် အောင်မြင်မှုများရရှိခဲ့ကြသည်။

ခွဲစိတ်မှုများကို အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်မှ ကျောရိုးပိုင်းဆိုင်ရာခွဲစိတ် အထူးကုဆရာဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာ သိန်းအောင်ကျော်၊ ဒေါက်တာ ရှိန်မြင့်ဟန်၊ အထူးကုဆရာဝန်ဒေါက်တာများဖြစ်ကြသော ဒေါက်တာ နိုင်လင်းဦး၊ ဒေါက်တာ ကျော် လင်းလင်းတို့နှင့် ဆွစ်ဇာလန်နိုင်ငံSwiss Spine Foundation ကျောရိုး ခွဲစိတ်ဆရာဝန်ပါမောက္ခ ဒေါက်တာ ကံမင်းတို့ က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်မှစ၍ တစ်နှစ်လျှင် ပျမ်းမျှ ၁၂ ဦးခန့် ခွဲစိတ်ကုသပေးခဲ့ပြီး ယနေ့အထိ ခါးရိုးကောက်သောရောဂါလူနာ ၂၀၀ကျော်အထိ အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပြီး ဖြစ်သည်။

မွေးရာပါ ခါးရိုးကောက်သောရောဂါကို ငယ်ရွယ်စဉ်အချိန်တွင် ဆောလျင်စွာ ကုသမှုခံယူပါက ပိုမို၍ ကျောရိုးကွေးကောက်လာခြင်း မဖြစ်နိုင်တာ့ဘေဲ ကုသမှု ခံယူပြီးပါကပြန်လည်၍ တည့်မတ်နေသောကျောရိုးကြောင့်ငယ်ရွယ်စဉ်အချိန်ကာလများတွင် ရှက်ရွံ့အားငယ်မှုများ ကင်းဝေးစေပြီးမိမိကိုယ်ကို ယုံကြည်စွာဖြင့်လှုပ်ရှားသွားလာနိုင်စေမည်ဖြစ်ပြီး အသက်အရွယ်ကြီးလာသောအခါတွင်ကျောရိုးကျီးပေါင်းရောဂါဖြစ်ပေါ်လာစေမှုမှ သက်သာစေမည်ဟုသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *