မွန်ပြည်သစ်ပါတီရဲ့ ၁၁ကြိမ်မြောက်ပါတီညီလာခံ ဆုံး ဖြတ်ချက်ကို ပါတီထိပ်ပိုင်းခေါင်းအချို့က လက်မခံတာကြောင့် လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်

■ပါတီအထွေထွေအတွင်းရေးမှူးနိုင်ဇေယျနဲ့ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စလွန်းထောတို့ ဦးဆောင်တဲ့အဖွဲ့က နွေဦးတော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းလက်တွဲမှာဖြစ်

မွန်ပြည်သစ်ပါတီရဲ့ ၁၁ကြိမ်မြောက်ပါတီညီလာခံ ဆုံး ဖြတ်ချက်ကို ပါတီထိပ်ပိုင်းခေါင်းအချို့ လက်မခံတာကြောင့် ဖေဖော်ဝါရီလ၁၄ရက်နေ့က လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်သွားတော့မှာလို့ ပါတီညီလာခံဆုံးဖြတ် ချက်ကို လက်မခံသူများ ပူးပေါင်းပြီး ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီဟာ မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၅ ခုနှစ်မှစပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န ဝတ)၊နိုင် ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(နအဖ)၊ ဦးသိန်းစိန်အစိုးရလက်ထက်တို့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူပြီး NLD အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ပါတီထိပ်ပိုင်းခေါင်းအချို့ကလက်နက် ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့တဲ့အတွက် မွန်ပြည်နယ်နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ စစ်ဘေးအန္တရာယ်ကိုကြုံ တွေ့လာနိုင်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *