မွန်ပြည်နယ် လမိုင်းမြို့မှာ မှတ်ပုံတင်ပွဲ စားအမျိုးသမီးတစ်ယောက် သေနတ်နဲ့ ပစ် သတ်ခံရ

မွန်ပြည်နယ်၊ရေးခရိုင်၊လမိုင်းမြို့၊နာရီစင်အနီးက လမ်းပေါ်မှာ ဇွန်လ၂၂ရက်နေ့ မနက် ၁၀နာရီကျော်ကမှတ်ပုံတင်ပွဲစားအမျိုးသမီး တစ်ယောက်ကို မှတ်ပုံတင် လုပ်ဖို့လို့ဆိုပြီး ချိန်းကာ သေနတ်နဲ့ပစ်သတ်သွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။

လမိုင်းမြို့နေ မှတ်ပုံတင်ပွဲစားအမျိုးသမီး အမည်မသိလက်နက်ကိုင်အချို့က သေနတ် နဲ့ပစ်သတ်ပြီး အမျိုးသမီးစီးလာတဲ့ဆိုင်ကယ် နဲ့ဖုန်းကိုပါ ယူဆောင်သွားတယ်လို့ သိရပါ တယ်။

သေနတ်နဲ့ပစ်ခံခဲ့ရတဲ့အမျိုးသမီးဟာ သေနတ် ဒဏ်ရာသုံးချက်ရရှိခဲ့ပြီး လမိုင်းပြည်သူ့ ဆေးရုံကိုပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Visited 43 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *