မွန်တီနီဂရိုးနိုင်ငံမှာ အပျင်းပြိုင်ပွဲ ကျင်းပနေ

အပျင်းပြိုင်နေတဲ့ ပြိုင်ပွဲဝင်များ
Photo Credit: Stevo Vasiljevic/Reuters

ဘရီဇနာ၊ စက်တင်ဘာ ၁၂

ဥရောပတိုက်ထဲက နိုင်ငံတစ်ခု ဖြစ်တဲ့   မွန်တီနီဂရိုးနိုင်ငံမြောက်ပိုင်းက အားလပ်ရက်အပန်းဖြေအပန်းဖြေစခန်း တစ်ခုမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ “အပျင်းဆုံးနိုင်ငံသား” ခေါင်းစဉ်အတွက် နိုင်ငံစုံက လူခုနှစ်ယောက် လှဲလျောင်းပြီး အကျိတ်အနယ် အပျင်းပြိုင်နေကြတာ ဒီနေ့ စက်တင်ဘာ ၁၂ရက်ဆို အရက် ၂၀ တောင် ပြည့်သွားပြီလို့ သိရပါတယ်။

အရင်နှစ်တွေကတော့ ငုတ်တုတ်ထိုင်ပြီး အပျင်းပြိုင်ခဲ့တာ ၁၁၇နာရီအထိ စံချိန်တင်နိုင်ခဲ့ကြပါတယ်။

ဒီနှစ်လည်း ဘရီဇနာက အပန်းဖြေရွာလေးမှာ လှဲလျောင်းပြီး အပျင်းထူပြိုင်ရတဲ့ပြိုင်ပွဲကို ယှဥ်ပြိုင်နေကြတာ ရက် ၂၀ ပြည့်ခဲ့ပေမယ့် အရှုံးအနိုင်မပေါ်လို့ ဆက်ပျင်းပြကြရဦးမယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အားလုံး ကောင်းတယ်၊ ထူးကဲတယ်၊ ကျန်းမာရေးပြဿနာမရှိဘူး၊ သူတို့က ကျွန်တော်တို့ကို နှိမ့်ချနေတာ၊ ငါတို့လုပ်ရမှာက လဲလျောင်းနေဖို့ပဲ” ဆိုပြီး  ၂၀၂၁ ချန်ပီယံ အသက် ၃၈နှစ်အရွယ် ဒူဗရာကာအာဆစ် က ပြောပါတယ်။

ပြိုင်ပွဲစည်းကမ်းကလည်း သိပ်တော့ လွယ်ကူလှတာမျိုး မဟုတ်ပါဘူး။ မတ်တပ်ရပ်တာ၊ထိုင်တာ စတာတွေလုပ်ရင် ပြိုင်ပွဲ စည်းကမ်းချိုးဖောက်တာ ဖြစ်ပြီး အစားအသောက်ကို မှောက်လျက် စားလို့ရပါတယ်။ အိမ်သာတက်ဖို့ကိုတော့ ရှစ်နာရီကြာ တိုင်း အချိန် ၁၀မိနစ်ပဲခွင့်ပြုပေးထားပါတယ်။

ပြိုင်ပွဲဝင်တွေဟာ ဆဲလ်ဖုန်းနဲ့ လက်ပ်တော့တွေကို ကြိုက်သလို သုံးနိုင်ပါတယ်။

ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်ကတော့ မွန်တီနီဂရင်းလူမျိုးတွေက အပျင်းထူတယ်ဆိုတဲ့ လူကြိုက်များတဲ့ ရှေးက ဒဏ္ဍာရီတစ်ခုကို ပြန်သရော်တဲ့အနေနဲ့ ဒီပြိုင်ပွဲကို လွန်ခဲ့တဲ့ ၁၂နှစ်ကတည်းက အပန်းဖြေစခန်းပိုင်ရှင်တစ်ယောက်က စိတ်ကူးရပြီး စလုပ်ခဲ့ တာလို့ သိရပါတယ်။ အပျင်းရိဆုံးသူ အနေနဲ့ ဗိုလ်စွဲစံချိန်တင်နိုင်ရင်တော့ ဒေါ်လာ ထောင်ဂဏန်း ဆု‌ကြေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့အထိတော့ ပြိုင်ပွဲဝင်တွေထဲမှာ ခုနှစ်ယောက် ကျန်နေသေးပြီး ဆက်အပျင်းပြိုင်နေကြတုန်းပဲလို့ သိရပါတယ်။

Ref:CNN

Feature Image Credit: Milos Vujovic/Anadolu Agency/Getty Image

Leave a Reply

Your email address will not be published. Required fields are marked *