၂၄ ဇန်နဝါရီ၊ ၂၀၂၄
မွန်ညီညွတ်ရေးပါတီရဲ့ နာယက အသက် ၈၈ နှစ်အရွယ် နိုင်ငွေသိန်းဈာပနအစီအစဉ်ကို နေအိမ်ရှိရာ မော်လမြိုင်မြို့မှာ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပသွားမယ်လို့ မွန်ညီညွတ်ရေးပါတီက ထုတ်ပြန်ပါတယ်။
နိုင်ငွေသိန်းဟာ ဇန်နဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့ အာရှတော်ဝင်အထူးကုဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
နိုင်ငွေသိန်းဟာ၂ဝ၁ဝ ခုနှစ်ကစတင်ဖွဲ့စီးခဲ့တဲ့
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဖွဲ့စည်းရဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ကာမွန်ပါတီနှစ်ခုပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီမှ နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလို့ သိရပါတယ်။
နိုင်ငွေသိန်းဟာကရင်ပြည်နယ်၊ ထုံးအိုင်ရွာဇာတဖြစ်ပြီ၊ ကျောင်းဆရာ၊ မြို့နယ်ပညာရေးမှူး၊ ပြည်နယ်ပညာရေးမှူးနဲ့ အမှတ်(၂) အခြေခံပညာဦးစီးဌာန အထက်မြန်မာပြည်ညွှန်ကြားရေမှူးတာ၀န်တွေကို ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
Visited 10 times, 1 visit(s) today



