မြောက်ဥက္ကလာမှာ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ပစ်ပြီး ရွှေထည်ပစ္စည်းများ လုယက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အ မှတ် ၁ ရပ်ကွက်၊ သုမိတ္တာ ၂၂ လမ်းမှာ နိုဝင်ဘာ ၁၀ ရက်ညနေ ၆နာရီ၂၀မိနစ်က ရွှေဆိုင်ပိတ်ပြီး နေအိမ်ကိုပြန်လာတဲ့ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးဟာ ဆိုင်ကနေ အိမ်ကို ပြန်အရောက်နောက်ယောင်ခံလိုက်လာတဲ့ ဓါးပြသုံးဦးက သေနတ်နဲ့ပစ်ပြီးကျပ်သိန်း၁၀၀၀၀ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို လု ယက်ခံခဲ့ရတဲ့ဖြစ်စဥ် ဖြစ် ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၀ ရက်ညနေ ၆နာရီ၂၀မိနစ်က မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ သုမိတ္တာ ၂၂ လမ်းမှာ အမျိုးသမီးတစ်ဦးသေနတ်နဲ့ပစ်ခံရတယ်လို့ သတင်းရရှိခဲ့တာကြောင့် တာဝန်ရှိများက သွား ရောက်စစ်ဆေးခဲ့ရာ သေနတ်နဲ့ပစ်ခံရသူမှာ ခန့်မြတ်ချယ် စိန်ရွှေရတနာ ရောင်း ဝယ်ရေးဆိုင်ပိုင်ရှင်မအေးသဇင်နွယ်ဆိုသူဖြစ်ပြီး မအေးသဇင်နွယ်ဟာ ရွှေဆိုင် ပိတ်ပြီး နေအိမ်ကို ကားနဲ့ပြန်လာခဲ့ပြီး နေအိမ်အတွင်းကို ကားနောက်ဆုတ် ဝင်ရောက်ပြီးကားပေါ်ကနေ ဆင်း ချိန် ဆိုင်ကယ်(၂)စီး လူ(၃)ဦး(စိစစ်ဆဲ)က နေအိမ် ခြံ စည်းရိုးဝင်းအတွင်း ဝင်ရောက်ပြီး မအေးသဇင်နွယ်ကို သေနတ်ချိန်ပြီး ရွှေထည်ပစ္စည်းများထည့်ထားတဲ့အိတ်ကို တောင်းယူခဲ့ကြပြီး မအေးသဇင်နွယ်က ဓါးပြလို့အော်ဟစ်ခဲ့တာကြောင့် သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ မအေးသဇင်နွယ်မှာ ဝဲလက်မောင်း ဖောက်ဝင်ဒဏ်ရာ(၁) ချက်(မစိုးရိမ်ရ)ထိမှန်ခဲ့ပြီး ဓါးပြအဖွဲ့က မအေးသဇင်နွယ်ရဲ့ စိန်/ရွှေထည်ပစ္စည်းမျိုးစုံ (စိစစ်ဆဲ/တန်ဖိုးကျပ်သိန်း ၁၀၀၀၀ ခန့်)ကို လုယက်ထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *