ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဥက္ကလာပမြို့နယ်၊၂ ရပ်ကွက်၊သုမာလာလမ်းက အွန်လိုင်းလျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှာ သြဂုတ်လ၄ရက် နေ့လယ်၂နာရီခန့်က နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံခဲ့ရပြီး ဓားပြအဖွဲ့က ငွေကျပ်၈၉သိန်းနဲ့ရွှေ၅ကျပ်သား လုယက်ယူဆောင်သွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အိမ်ကိုသည်နေ့လည်က deli လာကောက်တယ်ဆိုပြီးတော့ ဓားပြတိုက်သွားတယ်။ကလေး အငယ်လေးကိုသတ်မယ်လုပ်လို့ အမေက အကုန်ထုတ်ပေးလိုက်တာ။လူတွေ ဘာမှမဖြစ်ပါ။အမေနဲ့အဒေါ်ကို လက်ပြန်ကြိုးတုပ်ပြီး ယူသွားတာ။ဓားလား သေနတ်လားမသိဘူး အာ့နဲ့ထောက်တာ´´လို့ ဓားပြတိုက်ခံခဲ့ရတဲ့နေအိမ်က မိသားစုဝင်တစ်ဦးကပြောပါတယ်။
ဖြစ်စဉ်မှာ သြဂုတ်လ၄ရက် နေ့လယ်၂နာရီခန့်က ၊မြောက်ဥက္ကလာပမြို့နယ်၊၂ ရပ်ကွက်၊သုမာလာလမ်းက အွန်လိုင်းလျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို အနက်ရောင်ဆိုင်ကယ်(၁)စီးနဲ့အမည်မသိ အသက်(၂၅)ဝန်းကျင်ခန့်ရှိအမျိုးသား(၃)ဦးရောက်ရှိလာပြီး ဆိုင်အတွင်းရှိ လူများကို ချိန်းခြောက်ပြီး ဓါးပြတိုက်သွားရာဆွဲကြိုး လက်ကောက် နှစ်ခုပေါင်းရွှေငါးကျပ်သားခန့်နှင့်ငွေသား(၈၉)သိန်းကို ဓားပြအဖွဲ့က လုယက်ယူဆောင်သွားခဲ့တာလို့သိရပါတယ်။