မြောက်ဥက္ကလာပမြို့နယ်မှာ ဟိုက်ဒရိုကလိုရစ်အက်ဆစ်ယိုစိမ့်မှုဖြစ်ပွားခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည) ရပ်ကွက်၊ သုနန္ဒာလမ်း၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ် သတ္တုရှာဖွေရေးဦးစီးဌာနဝန်းအတွင်းမှာ အောက်တို ဘာလ၂၄ရက် မွန်းလွဲ၁နာရီခန့်က ဟိုက်ဒရိုကလိုရစ်အက်ဆစ်ယိုစိမ့်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Photo- MFSD

အက်ဆစ်ယိုစိမ့်မှုဖြစ်ပွားရာကို မြောက်ဥက္ကလာပမြို့ နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပတ်ဝန်းကျင်ဘေးအန္တရာယ်မဖြစ်စေနိုင်ရေးအတွက် သွားရောက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။

ဟိုက်ဒရိုကလိုရစ်အက်ဆစ်(Hydrochloric acid)ကို လူတွေအနေနဲ့ ရှူရှိုက်မိခဲ့ရင် မျက်လုံး၊ နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်း ယားယံခြင်း၊ရောင်ရမ်းခြင်းနှင့်အဆုတ်ရောင်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့အပြင် အရေပြား သို့မဟုတ် အခြားတစ်ရှူးများနှင့် တိုက်ရိုက်ထိတွေ့မိပါက ပြင်းထန်သည့် ဓာတုလောင်ကျွမ်းမှု(မီးလောင်ကျွမ်းမှုကဲ့သို့)တို့ကို ဖြစ်စေနိုင်ကာ မျက်လုံးထဲကို Hydrochloric acid ဝင်ရာက်မိရင် မျက်စိကွယ်ခြင်းတို့ကိုပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *