မြောက်ဥက္ကလာပက ရွှေဆိုင်ကို ဓားပြ တိုက်ခဲ့သူတွေဖမ်းမိပြီ

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဒါဝီလမ်း၊ (ဈ)ဈေး ရှေ့ရှိ မြတ်မောင် စိန်ထည်နှင့် ရွှေ ထည်ပစ္စည်းအရောင်းဆိုင်ကို ဇွန်လ၁၈ ရက် ညနေ၄နရီ၁၅မိနစ်က ဓားပြတိုက်သွား ခဲ့တဲ့သူတွေကို ဓားပြတိုက်မှုဖြစ်ပွားအပြီး အချိန်၅နာရီအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ နစကက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဓားပြတိုက်ခဲ့တဲ့သူတွေကို ဖမ်းမိခဲ့ရာမှာ ဓားပြတိုက်သွားခဲတဲ့ရွှေထည်ပစ္စည်းတွေနဲ့အတူ လက်နက်ခဲယမ်းများကိုပါ ဖမ်းမိခဲ့တာဖြစ်ပြီး ဓားပြတိုက်မှုကို ကျူးလွန်ခဲ့တဲ့ အမျိးသား၄ယောက်ကိုလည်း ဖမ်းမိခဲ့တာလို့ သိရပါတယ်။

မတ်မောင် စိန်ထည်နှင့် ရွှေထည် ပစ္စည်း အရောင်းဆိုင်ကို ဓားပြအဖွဲ့က ဓားပြတိုက်ရာမှာ ရွှေထည်ပစ္စည်းကို လုယက်ယူဆောင်သွားတဲ့အပြင် ဆိုင်ရဲ့ လုံခြုံရေးဝန်ထမ်း၂ယောက်ကိုလည်း သေနတ်နဲ့ပစ်ခတ်သွားခဲ့တယ်လို့ သိရပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *