မြောက်ဥက္ကလာတွင် ပျောက်ဆုံးနေ သော ၉ လအရွယ် ကလေးငယ်ကို ရေမြောင်းအတွင်း သေဆုံးလျက်ပြန်တွေ့

ရန်ကုန်တိုင်း‌ဒေသကြီစ၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပျောက်ဆုံးနေသူ အသက် ၉ လအရွယ်ကလေးငယ်(မ)တစ်ဦး၏ ရုပ်အလောင်းကို ရက်အနည်းငယ်အ​ ကြာတွင်သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဇမ္ဗူဒီပါလူမှုကူညီရေးအသင်းကသိရသည်။

လွန်ခဲ့သော ၄ ရက်ခန့်က အိပ်နေရာမှ ပျောက်ဆုံးသွားခဲ့သည့် ၉ လအရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းအား မြောက်ဥက္ကလာပမြို့နယ်၊ သု မိတ္တာ(၁၅)လမ်းထိပ်၊ ဆိုင်တစ်ဆိုင်ပေါ်တွင် သုံးထပ်သားပြားခင်း၍အိပ်နေရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီးဇွန် ၂၅ ရက်၊ နံနက်ပိုင်းက ရေမြောင်းအတွင်းမှ သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“ကလေးက မိန်းကလေးပါ။ အဖေနဲ့အတူ အိပ်နေရာကနေ ပျောက်သွားတာ။ ၄ရက်လောက်အကြာမှာပြန်တွေ့တာ။ ရုပ်အလောင်းကပုပ်ပွနေပြီ”ဖြစ်ကြောင်း လူမှုကူညီရေးအသင်းကသိရသည်။

ပျောက်ဆုံးနေသူကလေးငယ်အား လိုက်လံရှာဖွေရာမတွေ့ရ၍ ရပ်ကွက်ရုံးတွင်လည်း လူပျောက်အသိပေးတိုင်ကြားထားကြောင်း ရပ်ကွက်နေသူများထံကသိရသည်။

ကလေးငယ်၏ရုပ်အလောင်းကို အဆိုပါလူမှုကူညီအသင်းနှင့်မိတ်ဖက်အသင်းများပူးပေါင်း၍ မြောက်ဥက္ကလာပ မေဓာဝီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Visited 27 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *