မြောက်အမေရိကတလွှား နေကြတ်တဲ့ မြင်ကွင်းကို လူသန်းပေါင်းများစွာက ကြည့်ရှုခဲ့

ဒါးလတ်စ်၊ ဧပရယ် ၉

 မြောက်အမေရိကတစ်ဝှမ်းက သန်းနဲ့ချီတဲ့ သူတွေဟာ  တနင်္လာနေ့ (ဧပြီ ၈ ရက်) က လကနေ နေကို ပိတ်ကာထားလိုက်လို့  နေကြတ်သွားတဲ့ မြင်ကွင်းကို စိတ်ဝင်တစား ကြည့်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နေကြတ်တဲ့ ဖြစ်စဉ်ရဲ့ စုစုပေါင်းလမ်းကြောင်းဟာ  မက္ကဆီကိုနိုင်ငံ မာဇက်တလန် ကနေ နယူးဖောင်လန် အထိ  ရှည်လျားပြီး အမေရိကန် ပြည်နယ် ၁၅ ခုကို ဖြတ်ကာ လူဦးရေ၄၄သန်း နေထိုင်တဲ့ မြိုရွာတွေက အစိုးရပန်းခြံတွေ၊ တိုက်ခေါင်မိုးတွေပေါ်ကနေ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကြသွားတာကို  အမှောင်ထုထဲမှာ ပျော်ပျော်ပါးပါး တွေ့ကြုံ ခံစားခဲ့ကြတယ်လို့ သိရပါတယ်။

 နေကြတ်ခြင်း ဖြစ်စဉ်တွေဟာ  ၁၁ လ ကနေ ၁၈ လ တိုင်း ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်လေ့ရှိပေမယ့်  ဒီတစ်ခေါက်လောက် ဧရိယာ အကျယ်ကြီး အမှောင်ဖုံးသွားမျိုး မရှိပါဘူး။

အမေရိကန်နိုင်ငံဆိုရင်လည်း  ၂၀၁၇မှာ နောက်ဆုံး နေကြတ်ဖြစ်စဉ် ကြုံရခဲ့ဖူးပြီး အခု ၂၀၂၄ တစ်ကြိမ်အပြီး ၂၀၄၅ ခုနှစ်အထိ နောက်တစ်ကြိမ်ပြန် မကြတ်တော့ဘူးလို့လည်း မိုးဇလပညာရှင်တွေက တွက်ချက်ပြပါတယ်။

တနင်္လာနေ့ကတော့  အမေရိကန်က  လူသန်းပေါင်းများစွာက ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းကို ကောင်းကင်မျက်မှန်တပ်ပြီး ကြည်ရှုခဲ့ကြတာဟာ ဧရာမပါတီပွဲကြီး တစ်ခုလိုတောင် ဖြစ်ခဲ့ရတယ်လို့ သတင်းတွေမှာ အလုအယက် ဖော်ပြခဲ့ကြပါတယ်။

Ref: cna

ပုံစာ။ နေကြတ်တာကို စောင့်ကြည့်နေတဲ့ မိန်ကလေး တစ်ယောက်

Feature Image Credit: AP

Visited 62 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *