ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊၄၀ရပ်ကွက်၊သိန္ဒီလမ်းရိ နေအိမ်တစ်အိမ်မှာ မေလ၁၀ရက် ညနေ၄နာရီက အိမ်ဖော်တွေက အိမ်ရှင်အမျိုးသမီးကို အဝတ်လျှော်တုတ်နဲ့ ရိုက်သတ်ပြီး ငွေကျပ်သိန်း၅၀၀ကို ယူဆောင်ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“အသတ်ခံလိုက်ရတဲ့အမျိုးသမီးကအနေအေးရှာပါတယ်။သူသားလေးနဲ့နေအိမ်မှာအတူရှိနေတဲ့အချိန် မိုးတွေရွာနေတုန်း ရက်ရက်စက်စက်အသတ်ခံလိုက်ရတာပါ။ကလေးကိုတော့ ဘာမှလုပ်မသွားဘူး။ကလေးငိုသံကြားရတော့မှဘေးပတ်ဝန်းကျင်က သိရတာ´´လို့ဒေသခံတစ်ယောက်ကပြောပါတယ်။
လူသတ်မှုဖြစ်ပွားပြီးချိန်မှာ ရဲတွေရောက်လာပြီး စစ်ဆေးရေးတွေ လုပ်ဆောင်နေပြီး အသတ်ခံလိုက်ရတဲ့အသက်၃၂အရွယ်ရှိအမျိုးသမီးရဲ့ရုပ်အလောင်းကို လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Photo- မြောက်ဒဂုံမြို့နယ်ကလမ်းသွယ်တစ်နေရာ
Visited 1 times, 1 visit(s) today