ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက် ပိုင်း) မြို့နယ်၊(၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူး လမ်းနဲ့ဇေယျသိဒ္ဓိလမ်းထောင့်က ရွှေသုခ လက်ဘက်ရည်ဆိုင်မှာ မေလ၂၆ရက် မွန်းလွဲ၁၂နာရီခွဲလောက်က ထမင်းကြော် စားနေတဲ့ အမျိုးသားရေးလှုပ်ရှားသူဦးတင့်လွင်(၆၅)နှစ် သေနတ်နဲ့ ပစ်သတ်ခံ ခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဦးတင့်လွင်ကို အမည်မသိလူငယ် တစ် ယောက်က လက်ဘရည်ဆိုင်ထဲဝင်လာပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် ဦးတင့် လွင်ဟာ ဦးခေါင်းနောက်စေ့ကျည်ဖောက် ဝင်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာလို့ သိရပါ တယ်။
သေနတ်ပစ်ခံ၊ရပြီးသေဆုံးသွားခဲ့သူဦးတင့်လွင်ဟာ အမျိုးသားရေးလှုပ်ရှားသူ တစ် ယောက်ဖြစ်ပြီး ပထမအကြိမ် သေနတ်နဲ့ပစ် လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပြီး သေဆုံးခဲ့ ခြင်းမရှိခဲ့ပေမယ့် အခုဒုတိယကြိမ်မြောက်မှာတော့ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားခဲ့ရတာလို့လည်း သိရပါတယ်။
Visited 12 times, 1 visit(s) today



