ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံမြို့နယ်၊၃၀ရပ်ကွက်၊ကျောင်းလမ်းဈေးအနီးကသစ်ပင်အောက်မှာ မေလ၁၉ရက်နေ့ ညနေ၅နာ ရီခန့်မိုးရွာနေချိန် ဖုန်းပြောခဲ့တဲ့ ဈေး သည်အမျိုးသမီးတစ်ယောက် မိုးကြိုးပစ်ခံရ ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကြိုးပစ်ခံခဲ့ရတဲ့အမျိုးသမီးကို မြောက်ဒဂုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေက အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ပေမယ့် သေဆုံးသွားခဲ့တာကြောင့် ရုပ်အ လောင်းကို မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။



Photo- Sam