မြောက်ဒဂုံတွင် YBSနှင့် အိမ်စီးကားဝင်တိုက်၍ အိမ်စီးကားမောင်းသူသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၇ဦးရှိခဲ့

၄ အောက်တိုဘာ၊၂၀၂၃

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံ၊မဝတ လမ်းဆုံ​၊တောင်မြောက်လမ်းစုံအနီးတွင်(ယနေ့နံနက်က) YBS နှင့် ချက်ဗရိုလက်အိမ်စီးကားတိုက် မိ၍ သေဆုံးသူ၁ဦးနှင့် ထိခိုက်ဒဏ်ရာရရသူ ၇ဦးရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ဥက္ကဌက ပြောကြားသည်။

အောက်တိုဘာလ၄ရက် နံနက် ၂နာရီအချိန်ခန့်က မဝတ လမ်းဆုံ​၊တောင် မြောက်လမ်းစုံအနီးတွင်YBS112နှင့်အိမ်စီးကားယာဥ်တိုက် မှုဖြစ်ခဲ့ပြီးဖြစ်စဥ်ကြောင့်သေဆုံးသူ အပါအဝင်ထိခိုက်ဒဏ်ရာရသူ ၈ဦးရှိပြီးသေဆုံး သူမှာ အသက် ၃၇နှစ်အရွယ်ရှိပြီး ကျန်ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၂၈၊ အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်ကြောင်းသိရသည်။

“ယာဥ်တိုက် မှုဖြစ်စဥ်ကို ကြည့်ရတာ အိမ်စီးကားလေးက ကွေ့တာထင်တယ်။ YBS ကတော့ တည့်တည့်လာတဲ့အနေအထားရှိပြီး ကားက ယာဥ်မောင်းရှိတဲ့ဘယ်ဘက်အခြမ်းကို တည့်တည့်ဝင်တိုက် မိတဲ့သဘောရှိတယ်။အဲဒါကြောင့် ကားဘီးတွေကလည်း အကုန်ပြုတ်ထွက်ကုန်တယ်လေ”ဟု ယင်းကဆိုသည်။

သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးအနက် ၆ဦးကိုနွေးထွေးကူညီမှုအသင်း၊မီးအိမ်ရှင်ကူညီရေးအသင်း၊ ဝန်းရံမှူးကူညီရေးအသင်း၊(YRO ဒဂုံခရိုင်မှူး ရိုးမ(၃)ဦးစီး)၊ ရှင်သန်ရေးကူညီမှုအသင်း တို့မှ လူနာတင် ယာဉ်(၆)စီးဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။

YBSယာဥ်မောင်းမှာလည်း ဖြစ်စဥ်နေရာနေရာတွင်မတွေ့ရှိရဘဲ ထွက်ပြေးသွားကြောင်းသိရသည်။

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *