မြောက်ဒဂုံက ခွေးဂေဟာ မီးလောင်မှုမှာ ခွေးနဲ့ကြောင် ကောင်ရေ(၈၀)ခန့် မီးလောင်သေဆုံးခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ဒဂုံမြို့နယ် ၊ (၄၈)ရပ် ကွက်၊ အောင်ဆန်းသူရိယလှသောင်းလမ်းက ခွေးဂေ ဟာမှာ ဇန်န ဝါရီလ၃ရက်ည၇နာရီ၄၄မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့တာ ကြောင့် ခွေးနဲ့ကြောင်ကောင်ရေ(၈၀)ခန့် မီးလောင်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မီး ဘယ်လိုလောင်တယ်ဆိုတာတော့ သေချာမသိဘူး။ဒီမှာမွေးတဲ့ ခွေးတွေက ရာချီရှိတဲ့အပြင် ကြောင်တွေပါ မွေးထားတယ်။ခုမီးလောင်တောင် ခွေးနဲ့ကြောင် ကောင်ရေ ၈၀၊ ၉၀လောက်တော့ သေမယ်ထင်တယ်။လွတ်သွားတဲ့ကောင်တွေနဲ့ကယ်ပေးခဲ့တဲ့ကောင်တွေလည်း ရှိတယ်။ဘယ်လောက်သေတယ်ဆိုတာတော့ အတိအကျညတော့ မသိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိးလောင်မူဖြစ်ပွားရာကို မိးသတ်တပ်ဖွဲ့များ၊ရပ် ကွက်နေပြည်သူများနဲ့ပရဟိတအဖွဲ့များက ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *