မြောက်ကိုရီးယား လွတ်မြောက်ရေးနေ့မှာ ခေါင်းဆောင် ကင်နဲ့ ရုရှားသမ္မတ ပူတင်တို့က လေးနက်တဲ့ အနာဂတ် ဆက်ဆံရေးကို အပြန်အလှန် ကတိကဝတ်ပြု

ဩဂုတ် ၁၆

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် က ဩဂုတ် ၁၅ရက်နေ့မှာ ကျရောက်တဲ့  ပြုံယမ်းရဲ့  ကိုလိုနီအုပ်ချုပ်မှုကနေ လွတ်လပ်ရေးရခဲ့တဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်နေ့မှာပဲ   ရုရှားနိုင်ငံနဲ့  ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးနက်ရှိုင်းအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုထားတဲ့အကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က သြဂုတ် ၁၆ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

လွတ်မြောက်ရေးနေ့ နှစ်ပတ်လည်နေ့မှာ  ရုရှားခေါင်းဆောင် ပူတင်ကလည်း ဂုဏ်ပြုစာလွှာကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

“ဘုံရန်သူကို ဆန့်ကျင်တဲ့ သွေးထွက်သံယို တော်လှန်မှုမှာ နှစ်နိုင်ငံ စစ်တပ်တွေနဲ့ ပြည်သူတွေရဲ့ ဖော်ရွေတဲ့ ခံစားချက်တွေချစ်ကြည်ရင်းနှီး ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးက ကျယ်ကျယ်ပြန့်ပြန့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ်ကို ရောက်စေတယ်” လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်က ပြောပါတယ်။

လက်တွေ့မှာလည်း ကင်နဲ့ ပူတင်တို့ဟာ  ၂၀၂၄တစ်နှစ်ထဲမှာပဲ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇွန်လမှာ ကျင်းပခဲ့ကြသလို  အပြန်အလှန်ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ပါ၀င်တဲ့ ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး စာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အပြန်အလှန်အနေနဲ့ မော်စကိုဆီက စီးပွားရေးနဲ့  အခြားစစ်ရေးအကူအညီတွေ  ပြန်ရဖို့ ပြုံယမ်းဘက်ကလည်း ဒုံးကျည်တွေ မောစကိုကို  ထောက်ပံ့ပေးပြီး  ရုရှားကို စစ်ပွဲအတွက် ကင်မ်က ကူညီနေတယ်ဆိုပြီး တောင်ကိုရီးယား၊ ယူကရိန်းနဲ့  အမေရိကန်တို့က စွပ်စွဲထားတယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ ခေါင်းဆောင်နှစ်ယောက်ကို ၂၀၂၄ဇွန်လက ပြုံယမ်းမှာ အတူတွေ့ရပုံ

Feature Image Credit: NBC

Visited 67 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *