မြောက်ကိုရီးယား ရေငုပ်သင်္ဘောကနေ ခရုဇ်ဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်

ဆိုးလ်၊ ဇန်နဝါရီ ၂၉

မြောက်ကိုရီးယားနိုင်ငံဟာ  ရေငုပ်သင်္ဘောတစ်စင်းကနေ  ခရုဇ်ဒုံးကျည်တွေ ဇန်နဝါရီ ၂၈ရက်နေ့မှာ ပင်လယ်ထဲ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အွန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဇန်နဝါရီ ၂၃ရက်က ပြုံယမ်းမှာ ကျင်းပတဲ့ ၈ ကြိမ်မြောက် ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ ၁၉ ကြိမ်မြောက် တိုးချဲ့နိုင်ငံရေးဗျူရို အစည်း အဝေးကို တက်ရောက်ခဲ့ပါတယ်။ ဒီလို တက်ရောက်မှု အလွန် အခုလို့ စမ်းသပ် ဖေါက်ခွဲမှု ကို လုပ်ခဲ့တာ ဖြစ်ပါတယ်။

 ဇန်နဝါရီ ၂၈ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာအဆင့်မြှင့်တင်ထားတဲ့  ဒုံးကျည်တွေဖြစ်သလို တစ်ပတ်အတွင်း ဒုတိယအကြိမ်ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားရေတပ်ကလည်း  ရေတပ်ရဲ့ နျူကလီးယားလက်နက်တွေကို အရှိန်မြှင့်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက  ဇန်နဝါရီ ၂၉ တနင်္လာနေ့ က ဖော်ပြခဲ့ပါတယ်။

ခေါင်းဆောင် ကင်ဂျုံအန်းဟာ သူတို့ရဲ့  လက်နက်စနစ် အဆင့်မြှင့်တင်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့  မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေနဲ့ ထပ်တူဖြစ်တဲ့ “Pulhwasal-3-31” လို့ နာမည်တပ်ထားတဲ့  ဒုံးကျည်စမ်းသပ်မှုကို သူကိုယ်တိုင် ကြီးကြပ်ခဲ့ပါတယ်။

အဆိုပါ ဒုံးကျည်ဟာ တောင်ကိုရီးယား နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းက ပင်လယ်ပြင်အထက်မှာ ၇,၄၂၁  စက္ကန့်ကြာ ပျံသန်းခဲ့ပြီး သတ်မှတ်ထားတဲ့ ပစ်မှတ် ကျွန်းပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ လည်း နှစ်နိုင်ငံ မီဒီယာတွေ မှာ ဖော်ပြ ထားတယ်လို့ သိရပါတယ်။

Ref: CAN

ပုံစာမြေက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကို တွေ့ရပုံ

Feature Image Credit:: AF

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *