မြောက်ကိုရီးယားနျူကလီးယားပြသနာ တင်းမာနေချိန် တောင်ကိုးရီးယား သမ္မတယွန် အမေရိကန်ကို ခရီးထွက်

တောင်ကိုရီးယားသမ္မတ  ယွန်ဆွတ်ယေးနဲ့ ဇနီးသည်တို့ အမေရိကန်နိုင်ငံကို ထွက်ခွါခါနီး ဆိုလ်းက စစ်ဘက်ဆိုင်ရာ လေယာဥ် ကွင်းမှာ နုတ်ဆက်နေပုံ
Photo Credit: AP

ဆိုးလ်၊ ဧပြီ ၂၅

တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယေး  ဧပြီ ၂၅ ရက် အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စုကို လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ရောက်ရှိနေလာလို့ သိရပါတယ်။

ခရီးစဥ် အရ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေ ပိုမိုအားကောင်းဖို့အတွက်သာမက တောင်ကိုရီးယားရဲ့  အိမ်နီးချင်းမြောက်ကိုရီးယားတို့နှစ်ဘက်အကြား မြင့်တက်နေတဲ့ စိုးရိမ်စရာတွေအတွက် ကောင်းမွန်တဲ့အခြေနေ တွေ အားကောင်း လာ စေဖို့ ကြိုးပမ်းနေမှုတွေရဲ့ အဓိက အစိတ်အပိုင်း ခရီးတစ်ခုလည်း ဖြစ်တယ်လို့ လည်း တောင်ကိုရီးယားဘက်က ဆိုပါတယ်။

သမ္မတဟွန်ဟာ ဧပြီ ၂၆ရက် ဗုဒ္ဓဟူးနေ့ ဒီနေ့ မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံဖို့ ရှိနေ ပြီးခေါင်းဆောင်နှစ်ဦးစလုံးက တရုတ်ရဲ့ စိုးမိုးမှုကြီးထွားလာတဲ့ ကိစ္စ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်း ချက် အပါအဝင် ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့အကြောင်းတွေပါ ဆွေးနွေးကြလိမ့်မယ်လို့ ခန့်မှန်း တွက်ဆနေကြ တယ်လို့လည်း သိရပါတယ်။

အခု ခရီးစဥ်ကို ဧပြီလ ၂၄ ရက်ကနေ ၂၉ ရက်အထိလို့ တရားဝင်သတ်မှတ်ထားပါတယ်။ဒီခရီးစဥ်ဟာ ၂၀၁၁ ခုနှစ် ကစပြီး ၂၀၂၃ခု အတွင်း တောင်ကိုရီးယားခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံးသော အမေရိကန်ပြည်ထောင်စု ကို လာရောက်တဲ့ ခရီးစဥ်လည်း ဖြစ်ပါတယ်။ ၂၀၂၃ဟာ တောင်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံ မဟာမိတ် ဖွဲ့ ခဲ့ တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်နှစ်ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: CNA

Visited 52 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *