၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်ခြေ စစ်ပွဲအဖြစ် ရန်ကုန်မြို့၊သုဝဏ္ဏဘောလုံးကွင်းတွင် နိုဝင်ဘာ ၂၁ရက်) ညနေ၄နာရီက မြန်မာအသင်းနဲ့မြောက်ကိုရီးယားအ သင်းတို့ ယှဥ်ပြိုင်ခဲ့ရာ မြောက်ကိုရီးယားအသင်းကို မြန်မာအသင်းက ၆ဂိုး၁ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်သ့ားခဲ့တယ်လို့ သိရပါတယ်။
မြန်မာအသင်းဟာ မြောက်ကိုရီးယားအသင်းကို အဖက်ဖက်က ရှုံးနိမ်းခဲ့တဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဂျပန်အသင်း ကို ၅ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ပွဲကစားပြီးချိန်မှာ ရဂိုး ၁ဂိုး ပေးဂိုး ၁၁ဂိုး ရမှတ်မရှိနဲ့ အုပ်စုတွင်း အမှတ်ပေးဇယားအောက်ဆုံးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
မြန်မာအသင်းဟာ ၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် အုပ်စု(B)မှာပါဝင်နေပြီး ဂျပန်၊မြောက်ကိုရီးယားနဲ့ဆီးရီးယား စတဲ့အသင်းတွေနဲ့ ယှဥ်ပြိုင်သွားရမှာဖြစ်ကြောင်း သိရပါတယ်။



