ဆိုးလ်၊ စက်တင်ဘာ ၁၃
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သူတို့ရဲ့ ယူရေနီယံ သန့်စင်တဲ့ စက်ရုံကို စက်တင်ဘာ ၁၃ရက်မှာ သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
ဒီစက်ရုံက မြောက်ကိုရီးယားဟာ သူတို လိုချင်နေတဲ့ နျူကလီးယားဗုံးတွေအတွက် လောင်စာထုတ်လုပ်တဲ့ စက်ရုံလို့လည်း ကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။
နိုင်ငံပိုင်မီဒီယာမှာ ကင်ဂျုံအွန်က နူကလီးယားလက်နက်အင်စတီကျုကို သွားရောက်ခဲ့အပြီး အခုလို လက်နက်အဆင့်နျူကလီးယားပစ္စည်းတွေ ထုတ်လုပ်ဖို့အရေး ဆက်တိုက်ကြိုးပမ်းနေတာ ကို ထင်ဟပ်ပြလိုက်တာ လို့ ဆိုပါတယ်။
ဓာတ်ပုံတွေထဲမှာ ကင်ဟာ ယူရေနီယမ်ကို သန့်စင်ပေးတဲ့ သတ္တုစက်တန်းရှည်တွေကြားမှာ လမ်းလျှောက်နေတာကို မြင်ရပါတယ်။စက်ရုံ လည်ပတ်ချိန်နဲ့ စက်ရုံတည်နေရာကိုတော့ အစီရင်ခံစာမှာ ဖော်ပြထားတာ မရှိဘူးလို့ သိရပါတယ်။
ကင်ဂျုံအွန်ဟာ အမေရိကန်နဲ မဟာမိတ်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ အတွက် နိုင်ငံရဲ့ နျူကလီးယားလက်နက်တိုက်က အရေးကြီးတယ်လို့လည်း ပြောဆိုထားကြောင်း သိရပါတယ်။
Ref: Reuters
ပုံစာ။ စက်ရုံမှာ တွေ့ရဲ့ ကင်ဂျုံအန်
Feature Image Credit: Korean Central News Agency/Korea News Service via AP



