ဆိုးလ်၊ နိုဝင်ဘာ ၃
မြောက်ကိုရီးယားက မကြာသေးခင်က သံရုံးတွေကို ပိတ်လိုက်တဲ့ ရည်ရွယ်ချက်က သူတို့ရဲ့ ပြင်ပဆက်ဆံရေးကို မြှင့်တင်ဖို့ သာမန်ကိစ္စသာဖြစ်တယ်လို့ နိုဝင်ဘာ ၃ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြုံယမ်းဟာ အာဖရိကမဟာမိတ် အင်ဂိုလာနဲ့ယူဂန်ဒါနိုင်ငံက သံရုံးတွေကို ပိတ်ခဲ့ပြီး ဟောင် ကောင် နဲ့ စပိန်တို့မှာလည်း သူတို့ရဲ့ သံတမန်မစ်ရှင်တွေကို ပိတ်ခဲ့တဲ့အကြောင်း နိုင်ငံပိုင်မီဒီယာနဲ့ ဒေသ ဆိုင်ရာ အာဏာပိုင် တွေက ထုတ်ဖော်ပြောဆိုပါတယ်။
ပိတ်သိမ်းမှုတွေ ကို ကြည်တဲ့အခါ မြောက်ကိုရီးယားဟာ သူတို့ရဲ့ အစဉ်အလာမဟာမိတ်တွေနဲ့ နည်းနည်း လောက်ပဲ ရှိတဲ့ သူ့ရဲ့ သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ခက်ခဲ့လာတဲ့ အကြောင်းအပြင် မြောက်ကိုရီးယားရဲ့ ဆိုးရွားနေတဲ့ စီးပွား ရေး အခြေအနေကို အရိပ်အမြွက် ပြသခဲ့တာလို့ အခုသီတင်းပတ်ထဲမှာပဲ ဆိုးလ်ဘက်က ပြောပါတယ်။
ပြုံယမ်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အမည်မဖော်လိုသူ တစ်ယောက်ကတော့ အခုအပြောင်းအလဲတွေက ပြည်ပဆက်ဆံ ရေးမှာ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို မြှင့်တင်ဖို့ လုပ်တဲ့ ပုံမှန်ကိစ္စရပ်တွေသာ ဖြစ်တယ်လို့ ၀န်ကြီးဋ္ဌာန ဝက်ဘ်ဆိုဒ် မှာ နိုဝင်ဘာ၃ရက် သောကြာနေ့မှာ တင်လိုက်ပါတယ်။
ဝက်ဘ်ဆိုက်မှာ “နိုင်ငံတကာ ပတ်၀န်းကျင်နဲ့ နိုင်ငံတော်ရဲ့ ပြင်ပပေါ်လစီ အပြောင်းအလဲတွေနဲ့အညီ တခြားနိုင်ငံတွေမှာ သံ တမန် မစ်ရှင်တွေ ပိတ်တာ ဒါမှမဟုတ် အသစ်ဖွင့်လှစ်တာတွေ လုပ်နေပါတယ် လို့ ဖော်ပြထားပါတယ်။ ဆက်ပြီး ဝန်ကြီး ဌာနကပဲ “ကျနော်တို့က ဒီလိုမျိုး အစီအမံတွေကို အရင်တုန်းက အကြိမ်ကြိမ် လုပ်ခဲ့ဖူးပါတယ်” လို့ ပြောပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံပေါင်း ၁၅၀ ကျော်နဲ့ သံတမန်ဆက်ဆံရေးရှိကြောင်း ဒါပေမယ့် ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ် ချက်တွေကြောင့် ၁၉၉၀ ခုနှစ်ကတည်းကစပြီး နိုင်ငံရပ်ခြားသ့တမန် မစ်ရှင်တွေ ကျလာတာ အခုထိပဲလို့ တောင်ကိုရီးယား ဖက်က ထောက်ပြခဲ့တယ်လို့ သိရပါတယ်။
Ref: AFP/wk
ပုံစာ။ ပိတ်သိမ်းလိုက်တဲ့ ယူဂန်ဒါနိုင်ငံက မြောကိကိုရီးယားသံရုံး
Feature Image Credit: Reddit