ဆိုးလ်၊ မေ ၂၈
ပြုံယမ်းရဲ့ ဒုတိယမြောက် သူလျှိုဂြိုလ်တုကို အင်္ဂါနေ့ (မေလ ၂၈ ရက်) က အာကာသပတ်လမ်းထဲကို လွှတ်တင်ခဲ့ရာမှာ မအောင်မြင်ဘဲ ပျက်ကျခဲ့တယ်လို့ တောင်ကိုရီယားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လွတ်တင်မှုက မအောင်မြင်ခဲ့ပေမယ့်လည်း ဒီ လွှတ်တင်မှုက ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက် ရန်စတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့လည်း ဆိုးလ်ဘက်က ပစ်တင်လိုက်ပါတယ်။
သံသယရှိစရာ အင်ဂျင်ပြဿနာကြောင့် ပစ်လွှတ်ပြီး မိနစ်ပိုင်းအကြာမှာပဲ “Malligyong-1-1” လို့ နာမည်ပေးထားတဲ့ ကင်းထောက်ဂြိုဟ်တုကို တင်ဆောင်လာတဲ့ ဒုံးပျံဟာ ပေါက်ကွဲခဲ့တဲ့အကြောင်း မြောက်ကိုရီးယားက မေ ၂၇ တနင်္လာနေ့နှောင်းပိုင်းက ပြောဆိုခဲ့ပါတယ်။
ကင်ဂျုံအန်းအစိုးရရဲ့ ထိပ်တန်းဦးစားပေးလုပ်ငန်းဖြစ်တဲ့ ထောက်လှမ်းရေးဂြိုလ်တုကို ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းက တစ်ကြိမ်လွှတ်တင်ခဲ့ဖူးပြီး အခုလိုပဲ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
Re: AFP
ပုံစာ။ ၂၀၂၃ နိုဝင်ဘာက လွှတ်တင်ခဲ့တဲ့ မြောက်ကိုရီးယား သူလျှိဂြိုလ်တု
Feature Image Credit: KNCA



