မြောက်ကိုရီးယားရဲ့ မအောင်မြင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှု အပြီး မြောက်ကိုးရီးယားက နှစ်နိုင်ငံ ရေကြောင်းကြားခံဇုန်ထဲ အမြောက်တွေနဲ့ပစ်ခတ်

တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ယူလွန်းဒို ကျွန်းစု ကူးတို့ဆိပ်မှာ မြောက်ကိုရီးယား ရဲ့ဒုံးကျည်စမ်းသပ်နေတဲ့ မှတ်တမ်း ဗီဒီယိုဖိုင်ကိုပြသနေပုံ
 Photo Credit: AFP/ANTHONY WALLACE)

ဆိုးလ်၊ နိုဝင်ဘာ ၄

စမ်းသပ်ပစ်လွတ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျဥ်စမ်းသပ်ပစ်ခတ်မှုက မအောင်မမြင် ဖြစ်သွားပြီးတဲ့နောက်   နိုဝင်ဘာ ၃ရက် ညတွင်းချင်းပဲ တောင်နဲ့မြောက် နှစ်နိုင်ငံကြားက ရေကြောင်းကြားခံ စစ်မဲ့ဇုန်ထဲကို မြောက်ကိုရီး ယားဘက်က ပစ်လိုက်တဲ့ အမြောက် ကျည်ဆံတွေ ၈၀ထက်မနည်း ကျရောက်ခဲ့တယ်လို့ ဆိုးလ်အာဏာပိုင်  တွေက ပြောပါတယ်။

မကြာသေးတဲ့ ရက်သတ္တပတ်တွေကလုပ်ခဲ့တဲ့  ပြုံယမ်းရဲ့ နျူကလီးယားစမ်းသပ်မှုတွေကို သတိရှိရှိနေဖို့ ပြောဆိုနေတဲ့ အချိန်မှာပဲ ဆိုးလ်နဲ့ ဝါရှင်တန်တို့က သူတို့ရဲ့ ကြီးမားတဲ့ ပူးတွဲလေကြောင်းလေ့ကျင့်မှုကို စနေနေ့အထိ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

ဆိုခဲ့သလို နျူအန္တရာယ်ကို ပြောဆိုနေတုန်း မှာပဲ ပြုံယမ်းက တာတိုပစ် ပဲ့ထိန်းဒုံးကျည်သုံးစင်း ပစ်လွှတ် ခဲ့ပါတယ်။အဲဒီလုပ်ဆောင်မှုက အလွန်အန္တရာယ်များပြီး မှားယွင်းတဲ့ ရွေးချယ်မှုလို့ ဆိုလ်းဘက် ကထုတ်ပြန် ပြောဆိုပါတယ်။

 နိုဝင်ဘာ ၃ရက် ကြာသပတေးနေ့ည ၁၁ နာရီ ၂၈ မိနစ်မှာ မြောက်ကိုရီးယားဘက်က ပစ်ခတ်လိုက်တဲ့ အမြောက်ကျည် ၈၀ လောက် ရေကြောင်းကြားခံဇုန်ထဲအထိ ရောက်လာတယ်လို့ ဆိုးလ်စစ်တပ်က ပြောပါတယ်။

တောင်နဲ့မြောက် နှစ်ဘက်တင်းမာမှုတွေကို လျှော့ချဖို့အတွက်  ၂၀၁၈က ထူထောင်ခဲ့တဲ့ ကြားခံဇုန် သဘောတူညီချက်ကို ‌မြောက်ကိုရီးယားက ပြောင်ပြောင်တင်းတင်းရှင်းရှင်းလင်းလင်း ချိုးဖောက်လိုက်တာလို့ ဆိုးလ်ရဲ့ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် က ပြုံယမ်းရဲ့  အိုင်စီဘီအမ်(ICBM) လို့ခေါ်တဲ့ တိုက်ကြီးတွေကိုဖြတ်ကျော် ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျဥ် ပစ်လွှတ်မှုက တရားမ၀င်ဖြစ်ပြီး  ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေတယ်လို့ ပြောဆိုလိုက်ပြီး ဆိုးလ်နဲ့ ဝါရှင်တန်တို့က မြောက်ကိုရီးယားရဲ့ ကြီးထွားလာတဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်တဲ့ မိမိတို့ရဲ့  “သန္နိဋ္ဌာန်နဲ့ စွမ်းရည်တွေ” ကို ပြသမယ့် အစီအမံအသစ်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့  ကတိပြုကြောင်းကို အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ပြုံယမ်းဟာ  ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တောင်ကိုရီးယားရေပိုင်နက် အစပ်ကို ကျရောက်စေခဲ့တဲ့  ဒုံးကျည်တစ်စင်းအပါအဝင် ဗုဒ္ဓဟူးနေ့နဲ့  ကြာသပတေးနေ့တစ်လျှောက်လုံးက လည်း  ဒုံးကျည်အစင်း ၃၀ လောက် အဆက်မပြတ်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတက ဒါဟာ ပိုင်နက်ကျူးကျော်မှု ဖြစ်တယ်လို့ ပြောပါတယ်။

နိုးကြားတဲ့မုန်တိုင်း( Vigilant Storm )လို့ နာမည်ပေးထားတဲ့ ဆိုးလ်းနဲ့ ဝါရှင်တန်ရဲ့ ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုကို ပြုံယမ်းက မြောက်ကိုရီးယားကို ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန်ရန်စတဲ့ စစ်ရေးလေ့ကျင့်မှုလို့ ပြောဆိုလိုက်ပြီး ဆက်ပြီး ရှေ့တိုးခဲ့ရင် ဝါရှင်တန်နဲ့ဆိုးလ်က သမိုင်းမှာ  အဆိုးရွားဆုံး ပြန်ပေးဆပ်စေရမယ်လို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်လိုက်ကြောင်းလည်း သိရပါတယ်။

Ref: BBC

မြောက်ကိုရီးယားဘက်က ပစ်လွတ်လိုက်တဲ့ တာဝေးပစ် ဒုံးကျဥ်တစ်စင်း
Photo Credit: AFP
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *