ဆိုးလ်၊ ဩဂုတ် ၁၉
မြောက်ကိုရီးယားရဲ့ စစ်ရေးနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ပူးပေါင်းမှုကို မြှင့်တင်တဲ့ အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က နှစ်စဉ် နွေရာသီ စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့ (သြဂုတ် ၁၉ ရက်)မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။
Ulchi Freedom Shielလို့ အမည်ရတဲ့ ဒီ လေ့ကျင့်ခန်းဟာ သြဂုတ် ၂၉ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပြီး မြောက်ကိုရီး ယားက သူတို့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို မြှင့်တင်တဲ့ အနေနဲ့ ကင်းထောက်ဂြိုဟ် တုတွေလွှတ်တင်ဖို့ ကြိုးစား’နေချိန်မှာ အခုလို့ စစ်ရေးလေ့ကျင့်မှုက ပေါ်လာတာ ဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေသာမက ဂျီပီအက်စ် ပြတ်တောက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှု အပါအဝင် မကြာသေးမီက ဖြစ်ရပ်တွေဆီက သင်ယူခဲ့တဲ့ သင်ခန်းစာတွေအပါအဝင် နယ်ပယ်အားလုံးအတွက် လက်တွေ့ကျတဲ့ ခြိမ်းခြောက်မှုတွေကို ထင်ဟပ်စေမှာ ဖြစ်တယ်လို့ နှစ်နိုင်ငံစစ်တပ်တွေက ပြောပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်းစွတ်ယိုးက မြောက်ကိုရီးယားကို “ကမ္ဘာပေါ်မှာ ထင်ရာစိုင်းပြီး အဆင်ခြင် မဲ့ဆုံးနိုင်ငံ” လို့ ပြောဆိုထားသလို့ သူတိုနဲ့ ပတ်သက်ရင် စေစေစပ်စပ်နဲ့ အမြဲ အဆင်သင့် ဖြစ်နေဖို့ လိုတယ်လို့ လည်း ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် မြောက်ကိုရီးယား လွတ်မြောက်ရေးနေ့မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်နဲ့ ရုရှားသမ္မတ ပူတင်တို့က လေးနက်တဲ့ ဆက်ဆံရေးကို အပြန်အလှန် ထမ်းသိမ်းဖို့ ကတိပြုကြတယ်လို့ သိရပါတယ်။
Ref: Reuters
Feature Image Credit: MARKETWATCH



