
Photo Credit: GETTY IMAGE
ဆိုးလ်၊ ဒီဇင်ဘာ ၂၈
တောင်နဲ့မြောက် နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ပြီး ပျံသန်းနေတဲ့မြောက်ကိုရီးယားက ဒရုန်းငါးစင်းကို ပစ်ချဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တောင်ကိုရီးယားစစ်တပ်က တောင်းပန်လိုက်ပါတယ်။
အဆိုပါဒရုန်းတွေကို တောင်ကိုရီးယားစစ်တပ်က သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး ဂျက်လေယာဉ်များနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ စေလွှတ်ပြီး မြို့တော်နဲ နီးကပ်လာတဲ့ ဒရုန်းတစ်စင်းကိုတော့ ပစ်ချခဲ့ပါတယ်။
ကျန်တဲ့ ဒရုန်းတွေအားလုံးကတော့ မြောက်ကိုရီးယားဘက်ကို ပြန်သွားခဲ့ပါတယ်။
အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒီကိစ္စဟာ တပ်မတော်ရဲ့ အဆင်ကချို့တဲ့နေတာကို ပြတာ ဖြစ်တဲ့အကြောင်း တောင်ကိုရီးယားသမ္မတက ပြောပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အဓိကဌာနခွဲတွေကို ကိုယ်စားပြုတဲ့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ဒီဇင်ဘာ၂၇ရက် အင်္ဂါနေ့က ကြေညာချက်မှာ တပ်မတော်ဟာ “တကယ်ခြိမ်းခြောက်မှုဖြစ်စေတဲ့ တိုက်ခိုက်ရေးဒရုန်းတွေ” ကို တန်ပြန်နိုင်ပေမယ့်လည်း သေးငယ်တဲ့ထောက်လှမ်းရေး သူလျှိုဒရုန်းတွေကိုတိုက်ခိုက်နိုင်စွမ်းမှာတော့ အကန့်အသတ်ရှိနေတဲ့အကြောင်း အင်္ဂါနေ့က ထုတ်ဖော်ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ စစ်တပ်ရဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းတာက ပြည်သူတွေကို အများကြီး စိုးရိမ်စရာ ဖြစ်စေခဲ့ပါတယ်” လို့ အကြီးတန်း အရာရှိ ကန်ရှင်ချော က ပြောပါတယ်။ စစ်တပ်အနေနဲ့ ရန်သူ့ဒရုန်းတွေကို ထောက်လှမ်းဖို့နဲ့ တိုက်ခိုက်မှုပိုင်းဆိုင်ရာတွေကို ပြင်းပြင်းထန်ထန်တိုးမြှင့်လုပ်ဆောင်ဖို့ကိုလည်း ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့တနင်္လာနေက လုပ်ခဲ့တဲ့ကက်ဘိနက်အစည်းအဝေးမှာ သမ္မတ က မြောက်ကိုရီးယားရဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကို စောင့်ကြည့်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ထူထောင်ဖို့ အရှိန်မြှင့်လုပ်ဆောင် ကြိုးပမ်းသွားမှာဖြစ်ပြီး နောက်ဆုံးပေါ် ကိုယ်ပျောက်မောင်းသူမဲ့ဒရုန်းတွေ ထောက်ပံ့ပေးသွားမယ် လို့လည်း ပြောခဲ့ပါတယ်။
တနင်္လာနေ့က ကျုးကျော်မှုဟာ တောင်ကိုးရီးယားရဲ့ လေပိုင်နက်ထဲကို မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်တွေ ဝင်ရောက် လာခဲ့တဲ့ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ မြောက်ကိုရီးယားက ဒီနှစ်မှာ စံချိန်တင် ဒုံးကျည်စမ်းသပ်မှုတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုးရီးယားမှာ အင်္ဂါနေ့က နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့ ဒရုန်းတွေကို မြင်တွေ့ခဲ့ရသေးတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ဒါတွေက ငှက်အုပ်စုတွေသာ ဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနက ဖြေရှင်း ခဲ့ပါတယ်။
အခုလအစောပိုင်းက သူတို့ရဲ့ ပထမဆုံး သူလျှိုဂြိုလ်တုကို တီထွင်နိုင်ဖို့ လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ခဲ့တဲ့ အကြောင်း မြောက်ကိုရီးယားက အခိုင်အမာ ပြောကြားထားပြီးလည်းဖြစ်ပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုအတွင်း ရိုက်ကူးထားတဲ့ ဆိုးလ်မြိုရဲ့ ဝေဟင်ဓာတ်ပုံကိုလည်း ထုတ်ပြခဲ့ပါသေးတယ်လို့ သိရပါတယ်။
Ref: BBC

Photo Credit: AP